Sunday, April 6, 2014

Money is a good servant but a bad master


တစ်ချိုကကလည်းပြောကြပါတယ်။ "ဟေ့ကောင်..ငွေရှိရင်ပြီးရော" တဲ့။ တစ်ချို့ကလည်း " ငွေက အရေးမကြီးပါဘူးကွာ.. စိတ်ချမ်းသာဖို့အရေးကြီးတယ်" အစရှိသည်ဖြင့်ပေါ့။ ဒီလိုအဆိုမျိုးတွေ ရှိနေတော့ လူငယ်တွေအတွက် ဘယ်ဟာမှန်သလဲ၊ ဘယ်လိုလမ်းမျိုးကို လိုက်ကြမလဲဆိုတဲ့ကိစ္စက အရေးကြီးလာပါတယ်။ ဒါကြောင့် ၀င်ငွေ (Income) ဆိုတာနဲ့ ငွေ (Money) ဆိုတာနှစ်ခု မတူညီတာကို သိထားဖို့လိုလာတယ်။ တစ်ချို့ကလည်း အမှုမဲ့အမှတ်မဲ့ပဲ၊ ဘယ်ဟာမှန်လို့ဘယ်ဟာမှားလည်းမသိဘူး။ ကိုယ်ကိုယ်တိုင်ဘာလုပ်နေတာကိုလည်းမသိကြပါဘူး။

တကယ်တော့ ၀င်ငွေ (Income) နဲ့ ငွေ (Money) ကမတူပါဘူး။ ၀င်ငွေဆိုတာက မိမိရဲ့ ကိုယ်ကာယအင်အား၊ ဥာဏ်အင်အားကို အသုံးပြုပြီး အလုပ်လုပ်လို့ရလာတဲ့ ငွေကို ၀င်ငွေလို့ခေါ်တာဖြစ်တယ်။ ငွေ (Money) ဆိုတာက ကုန်ပစ္စည်းတွေနဲ့ ၀န်ဆောင်မှုတွေကို လဲလှယ်တဲ့နေရာမှာ အသုံးပြုတဲ့ ကြားခံပစ္စည်းသာဖြစ်လာတယ်။ "ငွေရှိရင်ပြီးရောကွာ" ဆိုတဲ့ လူတွေ

ဟာ ဘယ်လိုရာဇ၀တ်မှုမျိုးကို မဆိုလုပ်ဖို့အသင့်ဖြစ်နေတဲ့အတွက် သူခိုးတွေ၊ ဓါးမြတွေ၊ ရာဇ၀တ်ကောင်တွေ၊ အလွဲသုံးစားလုပ်သူတွေသာဖြစ်လာတယ်။ "ငွေက အရေးမကြီးပါဘူးကွာ" လို့ပြောတဲ့လူတွေနောက်ကိုလည်း ပြဿနာတွေက လိုက်လာတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ လူ့ဘောင်ကြီးက ငွေနဲ့တည်ဆောက်ထားတာဖြစ်တယ်။ စားဖို့၊ နေဖို့၊ ၀တ်ဖို့၊ သွားဖို့၊ လူရာဝင်ဖို့၊ မိတ်ဆွေအပေါင်းအသင်းရှိဖို့ အားလုံးအတွက် ငွေလိုတယ်။

ဒီတော့ ၀င်ငွေကို ရှာရမလား၊ ငွေကို ရှာရမလားဆိုတဲ့ မေးခွန်းကဖြစ်လာတယ်။ အများအားဖြင့် ငွေနောက်လိုက်သူတွေဟာ လွယ်လွယ်ကူကူငွေရရင် ပြီးရောဆိုတဲ့ စိတ်မျိုးသာရှိတယ်။ ဒီတော့ ငွေခိုင်းသမျှ ရာဇ၀တ်မှုတွေကို လုပ်ကြရတော့တာပဲ။ အစွမ်းကုန်ဖေါက်ပြန်ကြတာပဲ။ နည်းမျိုးစုံနဲ့ခိုးကြတာပဲ။ ဘာအတတ်ပညာမှ မတတ်တော့ဘူး။ ကျယ်ကျယ်ပြန့်ပြန့်သိနားလည်ခြင်းမျိုးလည်း မရှိတော့ဘူး။ ကျဉ်းမြောင်းပြီး တကိုယ်ကောင်းသမားတွေသာဖြစ်လာတယ်။

တကယ်တော့ လူတွေအားလုံးမှာလိုအပ်နေတာက ၀င်ငွေဖြစ်တယ်။ အရွယ်ရောက်လာတဲ့လူတိုင်းဟာ ၀င်ငွေရတဲ့အလုပ်ရှိဖို့လိုတယ်။ အလုပ်ရနိုင်အောင်လည်း ကြိုတင်ပြင်ဆင်ထားကြဖို့လိုတယ်။ နောက်ကိုယ်လုပ်နေတဲ့ လုပ်ငန်းကို အောင်းသထက်ကောင်းအောင် ဆက်လက်လေ့လာလာကြဖို့လိုတယ်။ ဒီလိုမျိုးဖြစ်နိုင်အောင် ပတ်ဝန်းကျင်တွေကို တည်ဆောက်သွားကြရမှာဖြစ်တယ်။ ဒါမှ ရေရှိည်တည်တံ့ခိုင်မြဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုတွေကိုရမှာပါ။

ဝင်ငွေရလာပြီဆိုရင် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ စုဆောင်းကြဖို့လိုမယ်။ စုဆောင်းလို့ ရလာပြီဆိုရင် တိုးပွားမဲ့နေရာတွေမှာ ရင်းနှီးမြုပ်နှံကြရမယ်။ ဘ၀တွေကို ဒီလို ကျော်ဖြတ်နိုင်အောင် လေ့ကျင့်ပေးရတယ်။ ငွေရှိတာတဲ့ သုံးဖြုံးပြစ်တာမျိုးမလုပ်ရဘူး။ မလိုတဲ့လူတွေကို တစ်ပြားတစ်ချပ်မှ မပေးရဘူး။ ကျစ်နေအောင်စုမှရတယ်။ သူများတွေ သိန်းတွေ၊ သန်းတွေ ပြောနေတာက ပြဿနာမဟုတ်ဘူး။ ကိုယ်ပိုင်ဆိုင်တဲ့ တစ်ကျပ်ကို ကိုယ်ပိုင်အဖြစ်တန်ဖိုးထားရမယ်။

ဒီလိုမဟုတ်ဘူး။ ၀င်ငွေရတဲ့အလုပ်တွေမရှိဘူးဆိုရင်တော့ ဒီလူတွေ၊ ဒီလူ့အသိုင်းအ၀ိုင်းတွေ၊ ဒီနိုင်ငံတွေဟာ ဖွံ့ဖြိုးတိုးတက်မှုနည်းပါးခြင်း၊ ညစ်ပတ်ခြင်း၊ ဆင်းရဲခြင်းတွေဖြစ်ပြီး လူစဉ်မမီသောလူများသာဖြစ်လာမည်ဖြစ်ကြောင်းရေးသားလိုက်ရပါတယ်။

Credit By:
Asia Masters Hotel-Management

No comments:

Post a Comment

Blog Ads Register Here

PopAds.net - The Best Popunder Adnetwork