Friday, May 16, 2014

သီးညှပ်စိုက်ပါ စီးပွားရေးကမ္ဘာ(MLM)

အတွက် ထွန်ရေးမှအစ အလုပ်သမားအဆုံး
ကုန်ကျစရိတ်အဖြစ် ရင်းနှီးမြှုပ်နှံမှု တစ်စုံတစ်ရာပြုလုပ်ရပါသည်။ သီးညှပ်အဖြစ် စိုက်ပျိုးသော
ဖူးစားပြောင်းမှာမူ ထွန်ရေး၊ ထယ်ရေး၊ အလုပ်သမားစရိတ် ကုန်ကျရန်မလိုဘဲ ပြောင်းမျိုးစေ့က
ို စိုက်ဘောင်တလျောက် ကြဲချခဲ့ရန်သာ လိုပါသည်။ မျိုးစေ့ဖိုးမှလွဲ၍ အခြားပြုစုကျွေးမွေး
စောင့်ရှောက်စရိတ် အထူးမလိုအပ်ပါ။ ကြက်သွန် အတွက် ဓာတ်မြေသြဇာ ကျွေးခြင်း၊
ရေသွင်းခြင်း၊ ပေါင်းသင်ခြင်း ပြုလုပ်ပါက ပြောင်းပင်သည်လည်း
ကြက်သွန်နည်းတူ ခံစားရပါသည်။

ကြက်သွန်သည် ပင်မစီးပွားရေးဖြစ်ပြီး ဖူးစားပြောင်းသည် အပိုဝင်ငွေ ဖြစ်ပါသည်။
သူ့အတွက် သီးခြားရင်းနှီးမြှုပ်နှံမှု မရှိပါ။ ဖူးစားပြောင်း ဈေးကွက် ခိုင်မာသောနှစ်တွင်
ပင်မသီးနှံအဖြစ် ပြောင်းလဲ၍ သင့်တော်ရာအခြားသီးနှံကို သီးညှပ်အဖြစ် ပြောင်းလဲ စိုက်ပျိုးနိုင်ပါသည်။

MLM လုပ်ငန်းတွင်လည်း လက်ရှိမိမိ၏
အသက်မွေးဝမ်းကျောင်းစီးပွားရေးသည် ၀န်ထမ်းတစ်ဦး ဆိုကြပါစို့။
ဝန်ထမ်းအချင်းချင်း အားလပ်ချိန် ထမင်းစားချိန်များမှာ အထူးအချိန်ပေးစရာမလိုဘ
ရောက်တတ်ရာရာ ပြောဖြစ်ကြပါသည်။ ထိုသို့ အကြောင်းအရာများကို ပြောမည့်အစား
MLM စီးပွားရေးစနစ် အကြောင်း၊ ကျန်းမာရေး မကောင်းသော ၀န်ထမ်းများ၊ ဆွေမျိုးများ
အတွက် ဓာတ်စာနှင့် ဖြည့်စွက်စာများအကြောင်း၊ လူငယ်ဝန်ထမ်းများအတွက်
အလှကုန်များအကြောင်း အခြားဆပ်ပြာ၊ သွားတိုက်ဆေး၊ ကော်ဖီကဲ့သို့
လူသုံးကုန်ပစ္စည်းများအကြောင်းကို ကုသိုလ်ဖြစ် သတင်းကောင်း ဝေငှ မိတ်ဆက်နိုင်ပါသည်။
အခြားအကြောင်းအရာများသည် တစ်ခါတစ်ရံ၌ အပြောမှား၊ အဓိပ္ပာယ်ကောက်မှား၍
စကားရှင်းရပါက မိမိဂုဏ်သိက္ခာ ထိခိုက်နိုင်ပါသည်။ MLM အကြောင်းနှင့်
ထုတ်ကုန်များအကြောင်းမှာ မိမိရော နားထောင်ပေးသူ မိတ်ဆွေပါ
နှစ်ဦးနှစ်ဖက် အကျိုးရှိသော မင်္ဂလာစကားဖြစ်ပါသည်။
MLM သည် လူတစ်ယောက်၏ စိတ်ကူးယဉ်ဘ၀ကို အကောင်အထည်ဖော်ရန်
အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်ပါသည်။ အချုပ်အားဖြင့် ဆိုရသော် မိမိ၏ ပင်မစီးပွားရေး၊
ဝန်ထမ်းလုပ်ငန်း ( အခြားအသက်မွေးဝမ်းကျောင်း စီးပွားရေးများအပါအ၀င်)
လည်း မပျက်ကွက်ဘဲ အကျိုးရှိသော စကားကို ပြောခြင်းသည် မင်္ဂလာတစ်ပါးမည်သည်ဟု
ရှေးအဆိုအမိန့် ရှိခဲ့သည့်အတိုင်း ပြောဆို (သီးညှပ်စိုက်ပျိုး) ခိုင်းပါသည်။ MLM မှ
ဝင်ငွေခိုင်မာခဲ့သော် ယခင်ပင်မစီးပွားရေးသည် သီးညှပ်သီးနှံအဖြစ် ပြောင်းလဲရောက်ရှိသွားပါသည်။
သတင်းခေတ် ၂၁ ရာစုတွင် အရင်းမလိုဘဲ မိမိ၏ မိသားစုနှင့် မိတ်ဆွေများ၏ ကျန်းမာခြင်း၊
ချမ်းသာခြင်း၊ အောင်မြင်ခြင်းများကို လက်ရှိ ပင်မစီးပွားရေး၊ စီးပွားရေး စိုက်ခင်းအတွင်းသို့
MLM သီးညှပ်သီးနှံ ယူဆောင် စိုက်ပျိုးခြင်းဖြင့် စိတ်ကူးယဉ် မိသားစုဘ၀ကို တည်ဆောက်နိုင်ရန်
အချိန်မရသူ မိတ်ဆွေများအတွက် ပမာတင်စား သတင်းကောင်းပါးအပ်ပါသည်ခင်ဗျား....။

Credit – Lucky Time



ဝင်ငွေလမ်း (၄)လမ်း E, S, B, I

ဝင်ငွေလမ်း (၄)လမ်း E, S, B, I
~~~~~~~~~~~~~~~~~~~~~~
"ဒီကမ္ဘာမှာ အချမ်းသာဆုံးလူတွေဟာ ကွန်ရက်တွေကို ရှာဖွေကြတယ်။
ကိုယ်ပိုင် တည်ထောင်ကြတယ်။ တခြားလူတွေကတော့ အလုပ်လုပ်ဖို့သာရှာကြတယ်။
မင်းမှာ ထုတ်ကုန်တစ်ခု၊ ဒါမှမဟုတ် အကြီးကျယ်ဆုံးအိုင်ဒီယာတစ်ခုရှိထားပေမယ့်
လူတွေကို အသိပေးပြောကြားဖို့ ကွန်ရက်တစ်ခုမရှိရင် အောင်မြင်မှာမဟုတ်ဘူး။
 ဖြန့်ချိရေး ကွန်ရက်ကတစ်ဆင့် ရောင်းချနိုင်ရင်တော့ အောင်မြင်မှာသေချာတယ်" တဲ့။

E = Employee (အလုပ်သမား/၀န်ထမ်း)
S = Self-employed (တနိုင်တပိုင်လုပ်သူ/အသေးစားလုပ်ငန်းရှင်)
B = Business owner (စီးပွားရေးလုပ်ငန်းရှင်ကြီး)
I = Investor (ရင်းနှီးမြုပ်နှံသူ/အရင်းရှင်)
သမားရိုးကျကျောင်းတွေဟာ ငွေရဖို့ အသည်းအသန်အလုပ်လုပ်ရတဲ့
 E = Employee (အလုပ်သမား/၀န်ထမ်း)
S = Self-employed (တနိုင်တပိုင်လုပ်သူ/အသေးစားလုပ်ငန်းရှင်)ဘက်ခြမ်း
အလုပ်သမားဝန်ထမ်း သို့မဟုတ် တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်ဖြစ်အောင်သာ လေ့ကျင့်ပေးကြတာပါ။
၎ကွက်ကျား ပုံစံကို လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် လူတစ်ဦးချင်းအနေနှင့်
သူတို့လုပ်တဲ့လုပ်ငန်းတစ်ခုခုကသာ ၀င်ငွေရတာ တွေ့ရပါလိမ့်မယ်။ တစ်နည်းအားဖြင့်
သူတို့ရဲ့ဝင်ငွေပမာဏဟာ ရေတွက်လို့ရတယ်ဆိုတဲ့သဘောပါပဲ။
ဒီအပြင် သူတို့ရဲ့စွမ်းအားကလည်း ကန့်သတ်ချက်ရှိနေပြီး သူတို့ရဲ့
ကိုယ်ပိုင်အချိန်ကိုပါ အသုံးပြုရတာကို ပြဆိုပါတယ်။
B = Business owner (စီးပွားရေးလုပ်ငန်းရှင်ကြီး)
I = Investor (ရင်းနှီးမြုပ်နှံသူ/အရင်းရှင်)
ဘက်ခြမ်းက အောင်မြင်သူတွေကတော့ သင်းဖွဲ့ပြီး လုပ်ဆောင်တတ်ကြပါတယ်။
 သူတို့က အောင်မြင်ဖို့အတွက် သူတို့ပိုင်ကွန်ရက်စနစ်တွေ ချမှတ်ထားကြပါတယ်။
 ဒီတော့ သူတို့ရဲ့ဝင်ငွေပမာဏဟာ အတိုင်းအဆမသိအောင် တိုးပွားလာကြပါတယ်။
ဒါကလည်း တခြားလူတွေရဲ့ငွေနှင့်အချိန်ကိုယူပြီး သူတို့အတွက် အလုပ်လုပ်ခိုင်းလို့ပါပဲ။
တီဗွီရုပ်သံလွှင့်ဌာနတွေကို ကွန်ရက်လုပ်ငန်းတွေလို့ ခေါ်ဆိုနိုင်သလို အင်တာနက်ကိုလည်း
ကွန်ရက်လုပ်ငန်းလို့ ခေါ်ဆိုနိုင်တာပါပဲ။ သင်လည်း စီးပွားရေးအောင်မြင်မှုရဲ့ သော့ချက်ဖြစ်တဲ့
ကွန်ရက်တစ်ခုကို ရှာဖွေတည်ထောင်ခြင်းအားဖြင့် အောင်မြင်မှုကို အရယူနိုင်မှာဖြစ်ပါတယ်။

 Credit By: မူရင်းရေးသားသူ

Sunday, April 6, 2014

Knowledge (သို့) များများသိအောင်ကြိုးစားပါ။


၁။ များများသိတာ ပိုကောင်းတယ်။ မျုားများသိလေလေ၊ များများရွေးချယ်နိုင်လေလေ ဖြစ်လို့ပဲ။
များများ သိခြင်းဆိုတော့ ဘယ်လို သိတာလဲလို့ မေးလာစရာ အကြောင်းရှိတယ်။ သိတဲ့ပုံစံ နှစ်မျိုးရှိတယ်။
 ပထမသိတဲ့ပုံစံက လူသတ္တ၀ါတွေမှာပါတဲ့ အာရုံခံကိုခန္ဒာအစိတ်အပိုင်းတွေက တစ်ဆင့်သိတာ။
ဒါကို အာရုံသိလို့ခေါ်တယ်။ နောက်တစ်မျိုးကတော့ ဥာဏ်သိဖြစ်တယ်။ ဥာဏ်သိဆိုတာကို
အသိဥာဏ်လို့လဲခေါ်တယ်။ အာရုံငါးပါး ဆိုတာက အာရုံခံတွေဖြစ်တဲ့ မျက်စိ၊ နား၊ နှာခေါင်း၊
လျှာ၊ ကိုယ် တို့ ကစတာ ဖြစ်ပါတယ်။ မျက်စိက မြင်ခြင်းကို ဖြစ်စေတယ်။ နားက ကြားခြင်းကိုဖြစ်စေတယ်။
 နှာခေါင်းက အနံ့ကို သိတယ်။ လျှာက အရသာကို ခွဲခြားနိုင်တယ်။ ကိုယ်ခန္ဒာက အထိအတွေ့ကိုသိတယ်။
 ဒီလိုသိတာကို အာရုံးငါးပါးနဲ့ သိခြင်းလို့ ခေါ်ပါတယ်။ အသိဥာဏ်ဆိုတာကတော့
လက်ဆုပ်လက်ကိုင်တော့ပြလို့မရဘူး။ ဒါပေမဲ့ ဒီအသိဥာဏ်ကြောင့်ပဲ လူသားတွေဟာ
 မဟာလူသားတွေဖြစ်လာတယ်။

၂။ အာရုံးငါးပါးနဲ့ သိခြင်းဟာ လူတွေမှာသာ မဟုတ်ပါဘူး၊ တိရစ္ဆာန်တွေမှာလည်း ရှိတယ်။
တချို့ တိရစ္ဆာန် တွေဟာ အာရုံခံစားမှု တွေနဲ့ ပတ်သက်လာရင်

Money is a good servant but a bad master


တစ်ချိုကကလည်းပြောကြပါတယ်။ "ဟေ့ကောင်..ငွေရှိရင်ပြီးရော" တဲ့။ တစ်ချို့ကလည်း " ငွေက အရေးမကြီးပါဘူးကွာ.. စိတ်ချမ်းသာဖို့အရေးကြီးတယ်" အစရှိသည်ဖြင့်ပေါ့။ ဒီလိုအဆိုမျိုးတွေ ရှိနေတော့ လူငယ်တွေအတွက် ဘယ်ဟာမှန်သလဲ၊ ဘယ်လိုလမ်းမျိုးကို လိုက်ကြမလဲဆိုတဲ့ကိစ္စက အရေးကြီးလာပါတယ်။ ဒါကြောင့် ၀င်ငွေ (Income) ဆိုတာနဲ့ ငွေ (Money) ဆိုတာနှစ်ခု မတူညီတာကို သိထားဖို့လိုလာတယ်။ တစ်ချို့ကလည်း အမှုမဲ့အမှတ်မဲ့ပဲ၊ ဘယ်ဟာမှန်လို့ဘယ်ဟာမှားလည်းမသိဘူး။ ကိုယ်ကိုယ်တိုင်ဘာလုပ်နေတာကိုလည်းမသိကြပါဘူး။

တကယ်တော့ ၀င်ငွေ (Income) နဲ့ ငွေ (Money) ကမတူပါဘူး။ ၀င်ငွေဆိုတာက မိမိရဲ့ ကိုယ်ကာယအင်အား၊ ဥာဏ်အင်အားကို အသုံးပြုပြီး အလုပ်လုပ်လို့ရလာတဲ့ ငွေကို ၀င်ငွေလို့ခေါ်တာဖြစ်တယ်။ ငွေ (Money) ဆိုတာက ကုန်ပစ္စည်းတွေနဲ့ ၀န်ဆောင်မှုတွေကို လဲလှယ်တဲ့နေရာမှာ အသုံးပြုတဲ့ ကြားခံပစ္စည်းသာဖြစ်လာတယ်။ "ငွေရှိရင်ပြီးရောကွာ" ဆိုတဲ့ လူတွေ

ပြည့်စုံအောင်ကြိုးစားပါ


အရောရော အထွေးထွေးနဲ့ မှားယွင်းတဲ့ အယူအဆတွေကြားမှာ ကြီးပြင်းလာခဲ့ရတာဟာ အလွန်အန္တရာယ်ကြီးပါတယ်။ အများအားဖြင့် လူတွေဟာ ချမ်းသာလိုကြပါတယ်။ ဒီဘ၀မှာ ချမ်းသာပါစေလို့ဆုတောင်းနေကြသူများပါတယ်။ ဆုပေးတဲ့နေရာမှာလည်း "ကျန်းမာပါစေ၊ ချမ်းသာပါစေ" လို့ပေးလေ့ပေးထရှိတယ်။ ဒါပေမဲ့ ချမ်းသာခြင်းနဲ့ ပြည့်စုံခြင်းက မတူဘူးဆိုတာ ဘယ်သူကမှ ရှင်းပြကြမှာမဟုတ်ပါဘူး။ ဘယ်နောက်လိုက်မယ်ဆိုတာလည်း ခွဲခွဲခြားခြားပြောနိုင်ကြမှာမဟုတ်ပါဘူး။ ဒီလိုနဲ့ပဲ အလွန်နိမ့်ပါးတဲ့ လူ့အသိုင်းအ၀ိုင်းတစ်ခုသာဖြစ်လာခဲ့တယ်။

တကယ်တော့ ချမ်းသာခြင်းဆိုတာက ကြွယ်ဝခြင်းကိုခေါ်တယ်။ ကြွယ်ဝတယ်ဆိုတာက မိမိမှာလိုအပ်တာထက်ပိုနေတာကို ခေါ်တယ်။ ဥပမာအားဖြင့် မိမိမှာ နေစရာအိမ်တစ်လုံးလိုတယ်။ သို့ပေမဲ့ အိမ်တစ်လုံးထက်မက ပိုင်လာပြီဆိုရင် ချမ်းသာခြင်းဖြစ်လာပြီ။ စီးစရာ ကားတစ်စီးလိုတယ်။ သို့သော် ကားပေါင်းမြောက်များစွာ ပိုင်ဆိုင်လာပြီဆိုရင် ဒါချမ်းသာတာပဲ။ အများအားဖြင့်

Sunday, March 23, 2014

Facebook ပေါ်မှာ ဘယ်လိုငွေရှာမလဲ

Facebook ပေါ်မှာ ဘယ်လိုငွေရှာမလဲ စာဖတ်သူတို့ Facebookအသုံးပြုနေရတာဒီထက်မကပိုအကျိုးထူးသင့်တယ်လို့ထင်မြင်ယူဆသူများ ရှိမယ်ထင်ပါတယ်။အမှန်တကယ်လဲ ဟုတ်ပါတယ်။ တစ်နေ့တစ်နေ့ သူများပုံ ဝင်ကြည့်လိုက်၊သတင်း တွေ ရှာဖတ်လိုက်၊ Chat လိုက်၊ Comment ပေးလိုက်၊ Like လုပ်လိုက် ၊ ပုံတင်လိုက်၊ Share လိုက်၊ ဂိမ်းဆော့လိုက်နဲ့ အချိန်တွေပိုနေသူများလည်းရှိမယ်ထင်ပါတယ်။အခြားလုပ်ငန်းဆောင်တာများ ရှိနေ ပြီး Facebook ကိုအပျင်းပြေ သုံးနေတယ် ဆိုရင်တော့ ထားပါတော့။ Facebook ကို အားတိုင်း အချိန် ပြည့် အသုံးပြု ဝင်ကြည့်နေသော စာဖတ်သူများအတွက် အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းကို မျှဝေ ချင်ပါတယ်။ ခေါင်းစဉ်ဖတ်လိုက်လို့ စာဖတ်သူတို့အတွက် ထူးဆန်းမယ်ထင်ပါတယ်။ တကယ်လည်း မြန်မာပြည် အတွက်ထူးဆန်းတဲ့ မေးခွန်း ဖြစ်ပါတယ်။ Facebook ပေါ်မှာဝင်ငွေရှာတာတော့ နိုင်ငံတကာမှာတော် တော်လေး ရေပန်းစားပါတယ်။ဒီတော့ မြန်မာပြည် Facebook ကွန်ရက်မှာ ငွေမရှာခင် နိုင်ငံတကာ မှာFacebook အသုံးပြုပြီး ဘယ်လိုဝင်ငွေရသလဲ ဆိုတာကို သိရန်လိုအပ်လာပါတယ်။ Facebook မှာ ဝင်ငွေရှာနိုင်တဲ့ အကြမ်းဖျင်း နည်းလမ်း နှစ်ခု ရှိပါတယ်။ Developer နဲ့ Fan page နှစ်မျိုး ဖြစ်ပါတယ်။ Developer ကတော့ ရှင်းပါတယ်။ Facebook အသုံးပြုသူတို့ ဆော့ကစားလို့ ရမယ့် Application တစ် ခုခုလုပ်လိုက်မယ်။ ပြီးတော့ ယင်း Application ကို User အတော်များများက ယူဆော့ပါမယ်။ ဒီတော့ အခြား စီးပွာရေး လုပ်ငန်းရှင်များက ယင်း App စာမျက်နှာ မှာ ကြော်ငြာထည့် လာတာမျိုး ဖြစ်ပါတယ်။ရေပန်းအစားဆုံး App တွေသာ စီးပွားရေး တွက်ခြေကိုက်မှာ ဖြစ်ပါတယ်။Application ကိုလူတိုင်း လုပ်နိုင်ပါတယ်။ သို့ပေမယ့် ယင်းအတွက် Facebook ကို ငွေပေးဆောင်ရပါတယ်။ Application ဖန်တီးလိုသူများက https://developers.facebook.com/apps ဒီလခ့်မှာ ဝင်ရောက် ပြီး ပြုလုပ်ကြပါတယ်။ ဒါကလည်း မခက်ပါဘူး။သို့ပေမယ့် မြန်မာပြည်ကနေတော့ Application လုပ်လို့ရမယ့် ပုံမပေါ်ပါဘူး။ ဒီအတွက် ငွေပေးဆောင်ရပါတယ်။ ပေးရတဲ့ ငွေပမာဏ နည်းပေမယ့် Facebook ဆီငွေရောက်အောင် ပို့ပေးမယ့် Paypal , eBay အစရှိသဖြင့်နိုင်ငံတကာ အွန်လိုင်း ငွေ

Friday, March 21, 2014

အတင်းပြောနေသူတွေအကြောင့် စိတ်သောက မရောက်ပါနဲ့

သင့်နောက်ကွယ်မှာ
အတင်းပြောနေသူတွေအကြောင့် စိတ်သောက မရောက်ပါနဲ့...။
သူတို့ဟာ သူတို့ကိုယ်ပိုင်ဘဝရဲ့ မှားယွင်းမှုတွေကို ရှာဖွေပြင်ဆင်မယ့်အစား
သင့်အမှားတွေကိုရှာနေတတ်တဲ့ သူတွေသက်သက်ပါပဲ...။

* လက်လျှော့တော့မယ်လို့ တွေးမိတဲ့အခါတိုင်း
သင်ဆုံးရှုံးတာကို မြင်ချင်တဲ့သူတွေရဲ့ အကြောင်းကို စဉ်းစားလိုက်ပါ...။

* သင်ဖြစ်ချင်သလို မဖြစ်ခဲ့တဲ့ အတိတ်ကြောင့်
အနာဂတ်မှာ သင်ကြံစည်စိတ်ကူးထားတာထက်
ပိုမကောင်းလာနိုင်ဘူးလို့လည်း မထင်ပါနဲ့...။

* မုန်တိုင်းကိုကြံ့ကြံ့ခံနိုင်ခဲ့ရင် နေရောင်ခြည်ဖြာတာကိုတွေ့ရပါလိမ့်မယ်...။

* သင်ပြောင်းလဲနိုင်စွမ်းမရှိတဲ့ အရာတွေအပေါ် စွဲလမ်းနေမယ့်အစား
သင်ပြောင်းလဲနိုင်မယ့်အရာတွေအပေါ် အာရုံစိုက်ပါ...။

* နေ့တစ်နေ့ကို အကောင်းမြင်အတွေးနဲ့ အမြဲအဆုံးသတ်ပါ... ။
ဘယ်လောက်ခက်ခဲတဲ့အရာတွေကြုံခဲ့ပါစေ.. မနက်ဖြန်မှာ
ပိုကောင်းအောင်လုပ်နိုင်ဖို့ လတ်ဆတ်တဲ့အခွင့်အရေးတွေရှိနေပါလိမ့်မယ်။

* ယုံကြည်မှုဆိုတာ Wi-Fi နဲ့တူပါတယ်... မမြင်ရဘူး....။
ဒါပေမယ့် သင်လိုအပ်တဲ့အရာတိုင်းနဲ့ ဆက်သွယ်နိုင်တဲ့ စွမ်းအားရှိတယ်...။

* လေ့လာသင်ယူမှုကို ဘယ်တော့မှ မရပ်လိုက်ပါနဲ့...။
ဘာကြောင့်လဲဆိုတော့ ဘဝက သင်ကြားတာကို ဘယ်တော့မှရပ်မှာမဟုတ်လို့ပါပဲ..။

* မိတ်ဆွေဆိုတာ ကြယ်တွေလိုပါပဲ...။
သူတို့က အမြဲတမ်းရှိနေပါတယ်....။

* သင့်ဘဝမှာ ကြုံရတဲ့အရာတိုင်းဟာ သင့်ရွေးချယ်မှုအပေါ် ရောင်ပြန်ဟပ်လာတာချည်းပါပဲ...။
ခြားနားတဲ့ရလဒ်တစ်ခုလိုချင်ရင် ခြားနားတဲ့ ရွေးချယ်မှုတစ်ခု ပြုလုပ်လိုက်ပါ။
Credit- နှိုင်းရင့်နွေ

Thursday, March 20, 2014

တန်ဖိုးပုံစံ(၉)-ချေးငှားခြင်း--

ကျွန်တော်လည်းခရီးထွက်ဖို့ရှိနေလို့ကျွန်တော့်ပရိတ်သတ်တွေကိုအကျွေးတင်နေမှာစိုးလို့ loan အကြောင်း ရေးပေးလိုက်ပါတယ်။အရင် post တုန်းကလဲ 4P အကြောင်းကိုပြောခဲ့ပါတယ်။
ဒီတစ်ခေါက်တော့ တန်ဖိုးအ ကြောင်းကိုဆက်သွားရအောင်နော်။
ကျွန်တော်လည်းစာဖတ်ပရိတ်သတ်တွေမငြီးငွေ့ရလေအောင်ဟိုခုန်
ဒီ ကျော်ရေးရတာပါ

။ချေးငှားခြင်းဆိုတဲ့ loan အကြောင်းကိုတော့စာဖတ်သူတွေလည်းသိနှင့်ပြီးသားဖြစ်နေမှာ ပါ။ သို့ပေမယ့်လည်းတန်ဖိုး(value) အကြောင်းကိုပိုသိအောင်လို့ တန်ဖိုး

(၁၂)မျိုးလုံးအကြောင်းကိ
ုရေးပေး တာပါ။ Loan ဆိုတာကိုချေးငှားခြင်းလို့ပြန်ဆိုရတာက loan ဟာငွေတစ်မျိုးတည်းကိုသာချေးငှားတာလို့မ ဆိုလိုပဲ အခြားသောအရာဝတ္ထုတွေကိုပါချေးငှားတာကိုဆိုလိုလို့ပါ။

Loan မှာချေးငှားသူ(borrower)ကိုအရင်းအနှီးတစ်ခုခုကိုအချိန်ကာလတစ်ခုအထိချေးငှားဖို့သဘောတူညီ မှုတွေပါတယ်။အပြန်အလှန်အားဖြင့်ချေးငှားသူက ချေးပေးသူ(lender)ကိုသတ်မှတ်ထားတဲ့ကာလအတွက် အတိုးနှုန်းကိုပေးရပါတယ်။

Loan ကတဆင့်တန်ဖိုးကိုဖြည့်ဆည်းပေးချင်ရင်တော့

၁။သင့်မှာငွေပမာဏအတိုင်းအတာတစ်ခုရှိရမယ်။

၂။အဲဒီငွေတွေကိုချေးငှားချင်တဲ့သူကိုရှာရမယ်။

၃။ကိုယ့်အတွက်တွက်ချေကိုက်တဲ့အတိုးနှုန်း

တန်ဖိုးပုံစံ(၈)-Audience Aggregation---

Audience Aggregation ဆိုတာ ၀ါသနာတူလူတွေကိုစုပြီးတော့တခြားလူ(third party) ကိုဆက်သွယ်ပေး တာကိုဆိုလိုပါတယ်။အာရုံစူးစိုက်မှု၊စိတ်ဝင်စားမှုဟာအကန့်အသတ်နဲ့မို့တန်ဖိုးရှိပါတယ်။နေရာဒေသတစ်ခု တည်းကလူတွေရဲ့အာရုံစိုက်မှုကိုရယူနိုင်တာဟာလုပ်ငန်းရှင်တွေအတွက်သိပ်ပြီးတန်ဖိုးရှိပါတယ်။

Audience Aggregation မှတဆင့်တန်ဖိုးကိုဖြည့်ဆည်းချင်ရင်တော့-

၁။စိတ်ဝင်စားမှုတူညီတဲ့သူတွေကိုခွဲခြားသတ်မှတ်ရပါမယ်။

၂။အဲဒီလူတွေရဲ့အာရုံစိုက်မှုကိုရရှိနိုင်မယ့်နည်းလမ်းကို
ဖန်
တီးထိန်းသိမ်းရပါမယ်။

၃။အဲဒီလူတွေရဲ့အာရုံစိုက်မှုကိုလိုချင်တဲ့ third party တွေကိုရှာမယ်။

၎။အဲဒီလူတွေရဲ့အာရုံစိုက်မှုကိုရောင်းချမယ်။

ရိုးရိုးရှင်းရှင်းပြောရရင် audience aggregation ဆိုတာပရိတ်သတ်တွေကိုစုစည်းပေးတာပါပဲ။

audience aggregation ဟာပရိတ်သတ်တွေအတွက်အကျိုးရှိပါတယ်။ဘာလို့လဲဆိုတော့ audience aggregation ဟာပရိတ်သတ်တွေအတွက်အကျိုးရှိတာကိုပေးစွမ်းနိုင်လို့ပါ။

ဥပမာတွေကိုကြည့်လိုက်ရင်ပို ပြီးရှင်းသွားပါလိမ့်မယ်။
မဂ္ဂဇင်းတွေနဲ့ကြော်ငြာပါတဲ့ web site တွေကိုဥပမာ

တန်ဖိုးပုံစံ(၇)-Agency---

(အရင်ကတန်ဖိုးပုံစံ(၆)အထိဆွေးနွေးပြီးပါပြီ။တန်ဖိုးပုံစံ(၁၂)မျိုးလုံးပြီးမှပဲ Marketing အကြောင်းပြန်ဆက် ရအောင်နော်။)

ကျွန်တော်ကရိုးရိုးရှင်းရှင်းကိုကြိုက်တဲ့ရိုးရှင်းတဲ့သူမို့လို့ရိုးရိုးရှင်းရှင်းပဲထပ်ပြောပါရစေ။Agency ဆိုတာက ၀ယ်သူနဲ့ရောင်းသူကိုတေ့ဆုံပေးတဲ့အလုပ်ပါ။အဲ..ပွဲစားဆိုပါတော့ဗျာ။ဝယ်ယူသုံးစွဲသူတွေလိုချင်တာကို ကိုယ်တိုင်မထုတ်လုပ်ပဲ အဲဒီပစ္စည်းရှိတဲ့သူတွေနဲ့ဆက်သွယ်မယ်။ဝယ်ယူသူကိုရှာဖွေပြီးတော့အရောင်းအ ၀ယ်အတွက်ကော်မရှင်ခယူမယ်။ပွဲစားခယူမယ်ပေါ့ဗျာ။

Agency ကတဆင့်စီးပွားရေးလုပ်တော့မယ်ဆိုရင်-
၁။တန်ဖိုးရှိတဲ့ပစ္စည်းတွေပိုင်ဆိုင်တဲ့သူတွေကိုရှာရမယ်။

၂။အဲဒီပစ္စည်းကိုဝယ်ချင်တဲ့သူတွေနဲ့ဆက်သွယ်ပြီးသူတို့သင့်ကိုယုံကြည်အောင်

လုပ်ရမယ်။

၃။အရောင်းအ၀ယ်သဘောတူညီမှုရတဲ့အထိ
ဆွေးနွေးညှိနှိုင်းမယ်။

၎။ရောင်းသူထံမှသဘောတူညီထားတဲ့ပမာဏအတိုင်းကော်မရှင်ခယူမယ်။

ရောင်းသူအတွက်ကောင်းတာတစ်ခုကကိုယ်ရောင်းချင်တာကို agency ရဲ့အကူအညီနဲ့ပိုမိုလျင်မြန်စွာ ရောင်းနိုင်တာပါ။တချို့ဆိုသူတို့ရောင်းချင်တာကို
ကိုယ်တိုင်ရောင်းဖို့ခက်ပေမယ့် ပွဲစားလက်ထဲအပ်လိုက် ရောချက်ချင်းဆိုသလိုရောင်းထွက်သွားတာမျိုးတွေရှိတတ်ပါတယ်။တချို့ဆိုရင်စာအုပ်ကောင်းတစ်အုပ်ဖြစ် လာအောင်ရေးတတ်တယ်။သို့ပေမယ့် ထုတ်ဝေပေးမယ့်သူမရှိဘူး။အဲဒီအခါ agent မှတဆင့်ထုတ်ဝေသူနဲ့ ဆက်သွယ်ပြီးစာအုပ်ထုတ်ဝေဖြစ်သွားတာတွေရှိတယ်။စာအုပ်ထုတ်ဝေလို့ရတဲ့အကျိုးအမြတ်တချို့ကိုတော့ agent ကိုပေးရတာပေါ့လေ။

ဝယ်ယူသူတွေကလည်း agency ကြောင့်အကျိုးဖြစ်ထွန်းတာရှိပါတယ်။Agent ကောင်းတွေဟာဝယ်ယူသူ တွေအတွက်ပစ္စည်းကောင်းတွေကိုရှာဖွေပေးနိုင်ပါတယ်။Agent တွေဟာအရည်အသွေးညံ့ဖျင်းတဲ့ပစ္စည်းနဲ့ အရည်အသွေးကောင်းတဲ့ပစ္စည်းတွေကိုခွဲခြားပေးနိုင်ပါတယ်။အိမ်ဝယ်တော့မယ်ဆိုရင်လည်း agent တွေ ဟာဘယ်လိုရပ်ကွက်၊ဘယ်လိုနေရာမှာဝယ်သင့်ကြောင်းကောင်းကောင်းသိပါတယ်။

သင်ဟာ agency အလုပ်ကိုလုပ်တော့မယ်ဆိုရင်တော့သင့်ရဲ့လုပ်အားနဲ့ထိုက်တန်အောင်အခကြေးငွေ တောင်းဖို့တော့လိုပါလိမ့်မယ်။Agency လုပ်ငန်းအတော်များများဟာအရောင်းအ၀ယ်တည့်မှအခကြေးငွေရ တာများပါတယ်။ဒါကြောင့်မို့အရောင်းအ၀ယ်တစ်ခုဖြစ်ဖို့ရင်းလိုက်ရမယ့်အချိန်နဲ့လုပ်အားကိုချိန်ပြီးလုံ လောက်တဲ့အခကြေးငွေတောင်းဖို့မမေ့ပါနဲ့ဦးနော်။

လူလိမ်လူကောက်ပေါတဲ့ခေတ်မှာယုံကြည်ရလောက်တဲ့ agent ဖြစ်အောင်မှန်မှန်ကန်ကန်လုပ်ရင်သင့်လုပ် ငန်းဟာရေရှည်အကျိုးဖြစ်ထွန်းမှာပါ။

လတ်တလောအတွက်သာမကရေရှည်အကျိုးအတွက်ကြည့်ပြီးလုပ်ပါဗျာ။

Credit By: စီးပွားရေးပညာ

တန်ဖိုးပုံစံ(၆)-Lease-


Lease ဆိုတဲ့ပုံစံကပစ္စည်းတွေကိုရယူပြီးအချိန်အကန့်အသတ်နဲ့ ငှားရမ်းပြီးအခကြေးငွေယူခြင်းပါပဲ။ငှားရမ်းတဲ့ပစ္စည်းတွေက ကား၊ လှေ၊အိမ်၊ဇာတ်လမ်းခွေစသဖြင့်ဘာမဆိုဖြစ်နိုင်ပါတယ်။

Lease ကိုအခြေခံပြီးစီးပွားရေးလုပ်တော့မယ်ဆိုရင်-

၁။သူများငှားရမ်းချင်တဲ့ပစ္စည်းတွေကိုရယူပိုင်ဆိုင်ထားဖို့လိုပါမယ်။

၂။အဲဒီပစ္စည်းတွေကိုနှစ်သက်ကောင်းမွန်ရာပုံစံနဲ့ငှားရမ်းမယ်။

၃။ငှားရမ်းတဲ့ပစ္စည်းတွေကိုမပျောက်ပျက်အောင်ကာကွယ်ထားဖို့ လည်းလိုပါမယ်။

Lease ပုံစံကသုံးစွဲသူတွေကိုပစ္စည်းဈေးနှုန်ထက်သက်သာတဲ့ငွေ ပမာဏနဲ့ထိုပစ္စည်းကိုသုံးစွဲစေနိုင်အောင်ကူညီပေးပါတယ်။ဇိမ်ခံသင်္ဘောကိုဝယ်ယူနိုင်တဲ့သူနည်းပေမယ့်ငှားရမ်းဖို့ကျတော့အ တော်များများကတတ်နိုင်မှာပါ။အိမ်တွေဆိုရင်လည်းအဲဒီလိုပါပဲ ၀ယ်ယူဖို့ကျတော့ခက်ခဲနိုင်ပေမယ့်ငှားရမ်းနေထိုင်ဖို့ကျတော့ တတ်နိုင်တဲ့သူပိုများ

တန်ဖိုးပုံစံ(၅)-Resale-

Resale ဆိုတာကလက်ကားရောင်းသူတွေဆီကနေကုန်ပစ္စည်း တွေဝယ်ယူမယ်။
အဲဒီကုန်ပစ္စည်းတွေကိုလက်လီဝယ်သူတွေကို ဈေးတင်ရောင်းမယ်။တန်ဖိုးပုံစံတွေထဲမှာ Resale ကကျွန်တော် တို့နဲ့ရင်းနှီးမှုအရှိဆုံးလို့ပြောနိုင်ပါတယ်။အခြားသူတွေဆီက၀ယ် မယ်၊အမြတ်တင်ပြီးပြန်ရောင်းမယ်၊ဒါပါပဲ။

Resale ကိုအခြေခံပြီးစီးပွားရေးလုပ်တော့မယ်ဆိုရင်-

၁။ကုန်ပစ္စည်းအများကြီးကိုဈေးနည်းနိုင်သလောက်နည်းနည်းနဲ့ ၀ယ်မယ်။

၂။ပုပ်သိုးပျက်ဆီးနေတဲ့ကုန်ပစ္စည်းတွေကိုရောင်းလို့မရတဲ့အ တွက်ဝယ်ထားတဲ့ပစ္စည်းတွေကိုမပုပ်သိုး၊မပျက်ဆီးအောင်ထိန်း သိမ်းမယ်။

၃။ဝယ်ယူမယ့်သူတွေကိုကုန်ကျမှုအနည်းဆုံးနဲ့မြန်နိုင်သမျှမြန်မြန် ရှာမယ်။



၎။ရောင်းဈေးကိုတော့များနိုင်သမှ
ျများများနဲ့အမြတ်တင်ရောင်း မယ်။ဖြစ်နိုင်ရင်ဝယ်ဈေးရဲ့အဆပေါင်းများစွာဈေးတင်ရောင်းမယ်။

လက်လီအရောင်းသမားတွေဟာလက်ကားအရောင်းသမားတွေ အတွက်အလွန်ရေးပါ ပါတယ်။လက်လီသမားတွေကြောင့်လက် ကားတွေကကုန်ပစ္စည်းတွေ

တန်ဖိုးပုံစံ(၄)-Subscription

Subscription ဆိုတာကလုပ်ငန်းရှင်က၀ယ်ယူသုံးစွဲသူကိုဘာ တွေပေးမယ်ဆိုပြီးကြိုတင်သတ်မှတ်ထားတာရှိမယ်။အဲဒီအတွက် တစ်လကိုဘယ်လောက်ပေးရမယ်ဆိုပြီးဝယ်ယူသူဆီကနေငွေကြို တင်ကောက်ခံတာမျိုးပါ။subscription ဆိုတာဘာလဲဆိုတာကို ဥပမာတွေနဲ့ရှင်းပြ မှာပါ။subscription မှာထိတွေ့ကိုင်တွယ်လို့ရ တာတွေဖြစ်နိုင်သလိုကိုင်တွယ်ထိတွေ့လို့မရတာလည်းဖြစ်နိုင်ပါ တယ်။ဝယ်ယူသုံးစွဲသူတွေဟာအကျိုးခံစားခွင့်တွေကိုချက်ချင်းအလုံးစုံခံ စားရမှာမဟုတ်ပဲနဲ့ဖြည်းဖြည်းချင်းခံစားရမှာပါ။ဝယ်ယူသုံး စွဲသူတွေဟာ subscription ကိုပြန်မရုပ်သိမ်းသရွေ့အခကြေးငွေ ပေးသွားရမှာပါ။
Subscription ကိုအခြေခံပြီးလုပ်တော့မယ်ဆိုရင်-

၁။ဝယ်ယူသုံးစွဲသူတွေလိုချင်တာတွေကိုပုံမှန်ဖြည့်ဆည်းပေးနိုင်ရမယ်။


၂။ဝယ်ယူသုံးစွဲသူတွေကိုရှာဖွေမယ်
။ဝယ်ယူသုံးစွဲသူအသစ်တွေကိုဆွဲဆောင်ထိန်းသိမ်းမယ်။

၃။သတ်မှတ်ထားတဲ့အတိုင်း customer တွေကိုငွေကြေးကောက်

တန်ဖိုးပုံစံ(၃)-Shared Resource

Shared Resource ဆိုတာကအချိန်အပိုင်းအခြားအလိုက်လူ တိုင်းအသုံးပြုလို့ရတဲ့အရာတွေပါ။ပစ္စည်းတစ်ခုကိုဖန်တီးမယ်။ဒါမှ မဟုတ်ဝယ်ယူမယ်။အဲဒီပစ္စည်းကိုအချိန်ပိုင်းလာသုံးတဲ့သူတွေကို ငွေကောက်ခံမယ်။ဒါဟာ Shared Resource ကိုအခြေခံတဲ့စီးပွား ရေးရဲ့သဘောတရားပါပဲ။

Shared Resource ကိုအခြေခံပြီးစီးပွားရေးလုပ်တော့မယ်ဆိုရင်-

၁။လူတွေအသုံးပြုချင်တဲ့ပစ္စည်းတွေကိုဖန်တီးရမယ်

၂။အသုံးပြုသူတွေများနိုင်သမျှများအောင်လုပ်ဆောင်မယ်။


၃။ကိုယ်အသုံးပြုထားတဲ့ငွေကြေးကိ
ုကာမိအောင်လုံလောက်တဲ့အ ခကြေးငွေကောက်ခံရမယ်။

ဥပမာအနေနဲ့ Gym နဲ့ Fitness Club တွေကိုကြည့်ရအောင်ပါ။ Fitness Club မှာလမ်းလျှောက်စက်တွေ၊လေ့ကျင့်ခန်းအတွက် စက်ဘီးတွေ၊အလေးမဖို့ဝိတ်တုံးတွေကိုဝယ်ထားပါတယ်။ကျွန် တော်တို့ကအဲဒီကိုသွားပြီးလေ့ကျင့်ခန်းလုပ်မယ်၊

တန်ဖိုးပုံစံ(၂)-Service (၀န်ဆောင်မှု)

Service ဆိုတာကတစ်ယောက်ယောက်ကိုကူညီပေးပြီးတော့အဲ ဒီအတွက်ငွေကြေးတောင်းခံတာပါ။
Service ကိုအခြေခံပြီးစီးပွားရေးလုပ်တော့မယ်ဆိုရင်-

၁။သင် ဒါမှမဟုတ် သင့်ဝန်ထမ်းမှာကျွမ်းကျင်မှုအရည်အသွေး တစ်ခုရှိရမယ်။အဲဒီအရည်အသွေးကသင့်ဝယ်ယူသုံးစွဲသူ (customer) တွေမှာမရှိတဲ့အရည်အသွေးဖြစ်ရမယ်

၂။ကိုယ့်ရဲ့ဝန်ဆောင်မှုဟာအရည်အသွေးမြင့်နေဖို့လည်းလိုပါ တယ်။

၃။ဝယ်ယူသုံးစွဲသူတွေကိုဆွဲဆောင်မယ်၊ထိန်းသိမ်းဖို့လည်းလိုမယ်ပေါ့ဗျာ။
Service ရဲ့ဥပမာကောင်းတစ်ခုကိုပြပါဆိုရင် ဆံသဆိုင်ကိုပြောရ ပါလိမ့်မယ်။

ဆံပင်ညှပ်တာဟာ ထုတ်ကုန်တစ်ခုကိုရောင်းတာနဲ့မ တူပါဘူး

။ဒီဆံပင်ပုံတစ်ခုလိုချင်
တယ်ဆိုပြီးချက်ချင်းဝယ်သွားလို့လည်းမရပါဘူး။ကိုယ့်လက်ရှိဆံပင်ပုံစံကနေကိုယ်လိုချင်တဲ့ဆံပင် ပုံစံရလာတဲ့အထိအဆင့်တိုင်း အဆင့်တိုင်းဟာ service ပါပဲ။ service နဲ့ပတ်သက်ပြီးစာဖတ်သူတွေလည်း

တန်ဖိုးရဲ့အခြေခံပုံစံ(၁၂)ခု

စီးပွားရေးလုပ်တဲ့အခါမှာသင့်ရဲ့ဝယ်ယူသုံးစွဲသူတွေကိုဖြည့်ဆည်း ပေးနိုင်တဲ့တန်ဖိုး(၁၂)မျိုးရှိပါတယ်။အဲဒါတွေက
၁။ Product
၂။ Service
၃။ Shared Resource
၎။ Subscription
၅။ Resale
၆။ Lease
၇။ Agency
၈။ Audience Aggregation
၉။ Loan
၁၀။ Option
၁၁။ Insurance
၁၂။ Capital စတာတွေဖြစ်ပါတယ်။

ကဲ product ကိုမှီတည်ပြီးစီးပွားရေးလုပ်တော့မယ်ဆိုရင်

ဘာတွေ လိုအပ်မလဲဆိုတာကိုလေ့လာကြည့်ရအောင်ဗျာ။

၁။ Product (ထုတ်ကုန်)
အားလုံးရင်းနှီးပြီးသားပါပဲ။ product ဆိုတာကကိုင်တွယ်တို့ထိလို့ ရတဲ့(တန်ဖိုးရှိတဲ့)အရာကိုပြောတာပါ။ product ကိုမှီတည်ပြီးစီး ပွားရေးလုပ်တော့မယ်ဆိုရင်-

၁။လူတွေလိုချင်တဲ့ကိုင်တွယ်ထိတွေ့နိုင်တဲ့အရာတွေကိုဖန်တီးရ

ဈေးကွက်ကိုစမ်းသပ်ရန်နည်းလမ်း(၁၀)ခု

သင်ဟာလုပ်ငန်းသစ်လုပ်ကိုင်ဖို့ဒါမှမဟုတ်ရှိပြီးသားလုပ်ငန်းကိုချဲ့ ထွင်ဖို့စဉ်းစားနေတယ်ဆိုရင်
မခုန်ခင်ကြည့်ဆိုတဲ့စကားအတိုင်း သင်ရှေ့မတိုးမီဈေးကွက်သုတေသနလုပ်သင့်ပါတယ်။
အခုပြောပြမယ့်နည်းလမ်း(၁၀)ခုကဈေးကွက်တစ်ခုရဲ့ဆွဲဆောင် နိုင်မှုကိုဖော်ထုတ်ပေးပါလိမ့်မယ်။အောက်ပါအချက်(၁၀)ချက်စီကို (၀)မှ(၁၀)အထိအမှတ်ပေးပါ။(၀)ကအဆိုးဆုံးကိုရည်ညွန်းပြီး (၁၀)ကအကောင်းဆုံးကိုရည်ညွန်းပါတယ်။သင်သိပ်မသေချာတဲ့ အခြေအနေမှာအဆိုးကိုသာ

ကိုယ်စားပြုရွေးချယ်ပါ။

၁။အလျင်လိုမှု-သင့်ထုတ်ကုန်နဲ့ဝန်ဆောင်မှုကိုလူတွေအရေးတ ကြီးချက်ချင်းလိုအပ်သလား။

ဒီဗီဒီ
ဇာတ်ကားဟောင်းတွေကိုလူ တွေအလျင်စလိုမကြည့်ချင်ပေမယ့်ပထမဆုံးရုံတင်တဲ့ရုပ်ရှင်ကိုလူတွေအလျင်စလိုကြည့်ချင်ကြပါတယ်။

၂။ဈေးကွက်အရွယ်အစား-သင့်ထုတ်ကုန်နဲ့ဝန်ဆောင်မှုလိုဟာမျိုး ကိုလူတွေဘယ်လောက်များများဝယ်ယူနေကြသလဲ။နွေရာသီမှာအနွေးထည်ရောင်းအားနည်းပြီးဆောင်းရာသီမှာအနွေးထည်ပို ရောင်းရပါတယ်။

၃။ဈေးဘယ်လောက်ရနိုင်သလဲ-သင့်ထုတ်ကုန်နဲ့ဝန်ဆောင်မှုကို

စီးပွားရေးအစိတ်အပိုင်း(၅)ခု

စီးပွားရေးလုပ်ငန်းတိုင်းမှာအောက်ပါအချက်(၅)ချက်နဲ့ပြည့်စုံရပါမယ်။

၁။တန်ဖိုး(value)ကိုဖန်တီးပေးစွမ်းနိုင်ရမယ်။

၂။ဖန်တီးထားတာကိုလူတွေလိုချင်ရမယ်၊ဒါမှမဟုတ်လိုအပ်ရမယ်။

၃။သူတို့ပေးချင်တဲ့၊ပေးနိုင်တဲ့ဈေးနှုန်လည်းဖြစ်ရမယ်။

၎။ကိုယ့်ရဲ့ထုတ်ကုန်က၀ယ်ယူသူရဲ့လိုအပ်ချက်ကိုသူတို့မျှော်လင့်ထားသလိုဖြည့်ဆည်းပေးနိုင်ရမယ်။

၅။လုပ်ငန်းဆက်လက်လည်ပတ်နိုင်ဖို့အတွက်လုံလောက်တဲ့အမြတ်ငွေလည်းရရှိဖို့လိုပါတယ်။

သန်းပေါင်းများစွာကုန်ကျတဲ့အလုပ်ကိုလုပ်နေပါစေ

ဒီအချက်(၅)ချက်ထဲ
ကတစ်ချက်ကိုဖယ်လိုက်တာနဲ့သင်လုပ် တာတွေကိုစီးပွားရေးလုပ်ငန်းလို့ခေါ်လို့မရတော့ပါဘူး။
တန်ဖိုးမဖန်တီးနိုင်တဲ့အလုပ်ဟာဝါသနာသာဖြစ်ပြီးစီးပွားရေးမဟုတ်ပါဘူး။ဆွဲဆောင်မှုမရှိတဲ့အလုပ်တစ်ခုဟာကျရှုံးတဲ့အလုပ်ပါ။ကိုယ်ဖန်တီးထားတဲ့တန်ဖိုးကိုမရောင်းနိုင်ရင်အမြတ်မရနိုင်ပါဘူး။ကိုယ်ပြောထားသလိုမလုပ် ပေးနိုင်ရင်ဝယ်ယူသူကိုလိမ်တာနဲ့အတူတူပါပဲ။အမြတ်မရှိတဲ့အလုပ်ဟာ

The Iron Law of the Market


သင်လုပ်တာတွေဟာအရမ်းကိုကောင်းမွန်တယ်လို့ထင်ရပေမယ့်မအောင်
 မြင်တာတွေကြုံရတတ်ပါတယ်။ကိုယ်ကဟုတ်လှပြီထင်ပေမယ့်ဝယ်ယူသုံးစွဲသူတွေလက်မခံတာမျိုးပေါ့။

Dean Kamen ဆိုတဲ့သူက ဒေါ်လာ(၅၀၀၀)တန် Segway PT လို့ခေါ်တဲ့ဆိုင်ကယ်ငယ်လေး

တစ်မျိုးကိုတီထွင်ခဲ့ပါတယ်။ဒီလုပ်ငန်းကိုအကောင်အထည်ဖော်ဖို့ ဒေါ်လာသန်း(၁၀၀)တောင်အသုံးပြုခဲ့တာပါ။ကားတွေက လှည်းနေရာကိုဝင်ယူသလိုမျိုး Segway လည်းအောင်မြင်လိမ့်မယ်လို့ Dean ကဆိုခဲ့ပါတယ်။

၂၀၀၂မှာSegway ကိုဈေးကွက်ထဲစတင်ဖြန့်ချီတော့

တစ်နှစ်ကိုအစီးရေ (၅၀၀၀၀)ရောင်းရ
ဖို့မျှော်လင့်ကြောင်းကုမ္ပဏီကကြေငြာခဲ့ ပါတယ်။၅နှစ်အကြာမှာတော့အစီးရေ
(၂၃၀၀၀)သာရောင်းချနိုင်ခဲ့ပါတယ်။မူလမျှော်မှန်းထားတာထက်(၁၀)ရာ ခိုင်နှုန်းလျော့နည်းနေပါတယ်။
ထင်ထားသလိုမအောင်မြင်တာဟာပစ္စည်းဒီဇိုင်းညံ့ဖျင်းလို့တော့မဟုတ်ပါဘူး။တကယ့်ပြဿနာကစက်ဘီးအစား Segway ကိုစီးဖို့လူတွေကဒေါ်လာ(၅၀၀၀)

ဘောဂဗေဒအရတန်ဖိုးရှိတဲ့ကျွမ်းကျင်မှုအရည်အသွေးတွေ

လုပ်ငန်းရှင်တစ်ယောက်အနေဖြင့်သင့်ကိုယ်သင်တိုးတက်ကောင်းမွန်စေချင်ရင်
စီးပွားရေးအစိတ်အပိုင်း(၅)ခုနဲ့ တိုက်ရိုက်ဆက်နွယ်တဲ့ကျွမ်းကျင်မှုအရည်အသွေးတွေကိုတိုးတက်ကောင်းမွန်အောင်လုပ်ပါ။

အရည်အသွေးတိုင်းကဘောဂဗေဒအရတန်ဖိုးရှိတာမဟုတ်ပါဘူး။တစ်နည်းပြောရရင်လုပ်ငန်းရှင်တစ်ယောက်အ နေနဲ့အရာရာတိုင်းကိုကျွမ်းကျင်ဖို့မလိုပါဘူး။အနားယူအပန်းဖြေဖို့၊ကိုယ်ရောစိတ်ပါကျန်းမာဖို့လုပ်သင့်တာတွေ တော့အများကြီးရှိတာပေါ့။ကိုယ်ဝါသနာပါတဲ့အလုပ်ကိုလုပ်ရင်းဝင်ငွေရအောင်လုပ်နိုင်ပါတယ်။
သင့်ရဲ့ကျွမ်းကျင် မှုအရည်အသွေးတွေကိုအခြားလူတွေအတွက်အကျိုးရှိအောင်လုပ်နိုင်ရင်သင်ငွေရှာလို့ရပါပြီ။သင့်ရဲ့ဝါသနာကို စီးပွားရေး

အစိတ်အပိုင်း(၅)ခုနဲ့
ဝင်ရောက်ချိတ်ဆက်နိုင်ပြီဆိုရင်သင့်ရဲ့ဝါသနာဟာတန်ဖိုးရှိသွားပါပြီ။

ဈေးကွက်ဖန်တီးပေးနိုင်မယ့်ကျွမ်းကျင်မှုအရည်အသွေး၊တန်ဖိုးဖန်တီးပေးမယ့်ကျွမ်းကျင်မှုအရည်အသွေး၊အ ရောင်းအ၀ယ်ဖြစ်မြောက်စေမယ့်ကျွမ်းကျင်မှုအရည်အသွေး၊စီမံခန့်ခွဲမှုဆိုင်ရာကျွမ်းကျင်မှုအရည်အသွေးစတာ တွေဟာဘောဂဗေဒအရ
တန်ဖိုးရှိတာတွေပေါ့။စီးပွားရေးကိုစိတ်ဝင်စားသူတစ်ယောက်အနေဖြင့်ဒီအရည်အ သွေးတွေတိုးတက်ကောင်းမွန်အောင်လေ့လာထားဖို့လိုအပ်ပါတယ်။

Credit By: စီးပွားရေးပညာ

လူတွေရဲ့အဓိကလိုအင်ဆန္ဒများ

သင်စီးပွားရေးမှာအောင်မြင်ချင်တယ်ဆိုရင်လူတွေဘာကိုလိုချင်
 ကြတယ်ဆိုတဲ့အချက်ကိုအခြေခံအားဖြင့်သိထားဖို့လိုပါတယ်။ 
ဟားဗတ်စီးပွားရေးတက္ကသိုလ်ပါမောက္ခတွေဖြစ်တဲ့ Paul Lawrence နဲ့ Nitin Nohria တို့ကကျွန်ုပ်တို့ရဲ့ဆုံးဖြတ်ချက်တွေ၊ လုပ်ဆောင်ချက်တွေကိုလွှမ်းမိုးနိုင်တဲ့အဓိကလိုအင်ဆန္ဒ(၄)ခု
ရှိ တယ်လို့ဆိုပါတယ်။အဲဒါတွေက-

၁။ရယူပိုင်ဆိုင်လိုတဲ့ဆန္ဒ
-ဂုဏ်၊အာဏာ၊သြဇာစတာတွေအပါအ၀င်ရုပ်ဝတ္ထုပစ္စည်းတွေကို


ရယူပိုင်ဆိုင်လိုတာကိုဆိုလိုပါတယ်။လက်လီအရောင်းသမားတွေ၊
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပွဲစားတွေ(စတော့ပွဲစားစသည်)၊ဥပဒေအကြံပေးကုမ္ပဏီတွေဟာ ရယူပိုင်ဆိုင်လိုတဲ့ဆန္ဒကိုအခြေခံပြီးတည် ဆောက်ထားတဲ့စီးပွားရေးလုပ်ငန်းတွေပါ။ကျုပ်တို့ကိုချမ်းသာ အောင်၊ကျော်ကြားအောင်၊လွှမ်းမိုးချုပ်ကိုင်နိုင်သူဖြစ်အောင်၊
အာ ဏာရှိအောင်ပြုလုပ်ပေးတဲ့ကုမ္ပဏီတွေဟာရယူပိုင်ဆိုင်လိုတဲ့ဆန္ဒ နဲ့ဆက်နွယ်နေပါတယ်။

၂။နှောင်တွယ်ထားချင်တဲ့ဆန္ဒ-
ချစ်ခြင်းချစ်ရာမှာဖြစ်ဖြစ်၊ဆွေမျိုးမောင်နှမတွေနဲ့ပဲဖြစ်ဖြစ်အချစ်ခံ၊တန်ဖိုးထားခံချင်တဲ့

ဆန္ဒကိုဆိုလိုပါတယ်။စားသောက်ဆိုင်တွေ၊ညီ လာခံပွဲတော်တွေ၊dating services တွေဟာနှောင်တွယ်ထားချင် တဲ့ဆန္ဒကိုအခြေခံထားတဲ့လုပ်ငန်းတွေဖြစ်ပါတယ်။ကျွန်ုပ်တို့ကိုဆွဲ ဆောင်မှုရှိအောင်
၊ကြိုက်နှစ်သက်ခြင်းခံရအောင်၊အသိအမှတ်ပြုခံ ရအောင်စွမ်းဆောင်ပေးတဲ့
ကုမ္ပဏီတွေဟာဒီနှောင်တွယ်ထားချင်တဲ့ဆန္ဒနဲ

ပြိုင်ဘက်၏အကျိုးကျေးဇူးများ

အလွန်ကောင်းမွန်ပါတယ်ဆိုတဲ့သင့်ရဲ့စီးပွားရေးစိတ်ကူးတွေဟာသင်ရဲ့မူရင်းတွေမဟုတ်တာကိုသင်သိဖို့လိုအပ်ပါတယ်။
ဘာလို့လဲဆိုတော့သင်လုပ်ချင်တဲ့လုပ်ငန်းကိုဟိုးအရင်ကတည်းကအခြားသူတွေ

လုပ်နှင့်ပြီးသားမဟုတ်လား။
သင့်ရဲ့စီးပွားရေးစိတ်ကူးတွေဟာလည်းအခြားသူတွေကတဆင့်ရရှိလာတာပဲများပါတယ်။
သင့်ရဲ့မူရင်းစိတ်ကူးတွေမဟုတ်ပါဘူး။သင်ဟာအခြားသူတွေလုပ်သလိုလိုက်လုပ်တာလေ။

ဒီတော့သင်လုပ်နေတာကိုတစ်ယောက် ယောက်ကလိုက်လုပ်ရင်ဘာလို့စိတ်ကသိကအောင့်ဖြစ်ပြီးခံပြင်း နေရမှာလဲ။
သင်လုပ်နေတာကိုသူများလိုက်လုပ်ရင်ခံပြင်းဖို့မလိုသလို သင်လုပ်နေတာတွေကအခြားသူတွေ

လုပ်နှင့်ပြီးသားဖြစ်နေ ရင်လည်းစိတ်ပျက်ဖို့မလိုပါဘူး။

ဘာလို့လဲဆိုတော့

သင့်လုပ်ငန်းတြူ
ပိုင်ဘက်ဆီကသင်ရနိုင်တဲ့အကျိုးကျေးဇူးတွေအများကြီးရှိပါတယ်။
ဆိုကြပါဆို့။သင်လုပ်ချင်တဲ့ လုပ်ငန်းနှစ်ခုရှိတယ်။နှစ်ခုလုံးမှာတူညီတဲ့အကျိုးအမြတ်တွေရရှိ နိုင်တယ်ဆိုရင်ပြိုင်ဘက်ရှိတဲ့လုပ်ငန်းကိုသင်ဦးစားပေးလုပ်ကိုင်သင့်ပါတယ်။
ဘာလို့လဲဆိုတော့ဒီလုပ်ငန်းမှာဝယ်ယူသုံးစွဲသူတွေရှိ ပြီးသားဆိုတာသေချြာ ပီလေ။
ဝယ်ယူသုံးစွဲသူတွေရှိနေလို့ပဲသင့်ရဲ့ ပြိုင်ဘက်ကအလုပ်ဖြစ်နေတာပေါ့။

ဒီတော့ပြိုင်ဘက်ရှိပြီးသားလုပ်ငန်းကိုရွေးချယ်လုပ်ကိုင်ခြင်းအားဖြင့်ဝယ်ယူသုံးစွဲသူရှိမရှိ မသေ ချာတဲ့လုပ်ငန်းကိုစွန့်စားလုပ်စရာမလိုတော့ဘူးပေါ့။တစ်နည်းအား ဖြင့် risk နည်းသွားတာပေါ့။မသေချာမရေရာတာကိုလုပ်မည့်အ စားဈေးကွက်ရှိပြီးသား၊၀ယ်ယူသုံးစွဲသူရှိပြီးသားလုပ်ငန်းကိုပဲလုပ်မှာပေါ့။
စီးပွားရေးလုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင်အရေးအကြီးဆုံးအချက်ကဘာလဲ? မှတ်မိရဲ့လား။အရေးအကြီးဆုံးကကိုယ့်လုပ်ငန်း ရဲ့ဈေးကွက်(market)ရှိရမယ်ဆိုတာပဲ။ကိုယ့်လုပ်ငန်းရဲ့ဈေး ကွက်ရှိမှ၊၀ယ်ယူသုံးစွဲသူတွေရှိမှအလုပ်ဖြစ်မှလေ။

(မှတ်ချက်။ ။ဒီအကြောင်းကိုအရင်က post တွေမှာဖော်ပြထားပါတယ်။မေ့နေ ရင်၊သေချာမသိသေးရင်ပြန်ရှာဖတ်ပါ။အောင်မြင်မှုအတွက်အားထုတ်မှုတွေလိုအပ်ပါတယ်။ရှင်းရှင်းလင်းလင်းနားလည်အောင် အားထုတ်လိုက်ပါဦး။)

ဈေးကွက်ရှိတယ်ဆိုတာသေချာနေပြီဖြစ်တဲ့အတွက်ဈေးကွက်ရှိမရှိသိဖို့လုပ်နေစရာမလိုတော့ဘူးလေ။ဒီတော့သင့်ရဲ့အချိန်နဲ့ခွန် အားတွေကိုအသုံးချပြီးသင့်ရဲ့ထုတ်ကုန်ကိုပိုကောင်းအောင်လုပ် နိုင်တာပေါ့။

သင့်ပြိုင်ဘက်တွေဘာလုပ်သလဲဆိုတာကိုသိနိုင်ဖို့အကောင်းဆုံးနည်းလမ်းကတော့သင်ကိုယ်တိုင်သူတို့ပစ္စည်းကိုဝယ်ကြည့်တဲ့ နည်းလမ်းပဲ။သူတို့ရောင်းတဲ့ပစ္စည်းတွေကိုတတ်နိုင်သမျှအမျိုးအ စားစုံအောင်ဝယ်ပါ။သင့်ပြိုင်ဘက်ကိုအတွင်းကျကျလေ့လာနိုင် လေလေသင့်အတွက်ပို

အကျိုးရှိလေလေပဲ။သင့်ပြိုင်ဘက်က ဘယ်လိုတန်ဖိုး(value)ကိုဖြည့်ဆည်းပေးသလဲ။လူတွေစိတ်ဝင် စားအောင်ဘယ်လိုလုပ်သလဲ။ဘယ်လောက်ဈေးယူသလဲ။လူတွေဝယ်အောင်
ဘယ်လိုလုပ်သလဲ။ဝယ်ယူသူတွေကျေနပ်ပျော်ရွှင် အောင်ဘယ်လိုလုပ်သလဲ။အဆင်မပြေစရာကိစ္စတွေကိုဘယ်လိုကိုင်တွယ်ဖြေရှင်းသလဲ။သူတို့မဖြည်းဆည်းရသေးတဲ့ဝယ်ယူသူ တွေရဲ့လိုအပ်ချက်ကဘာတွေလဲ စတာတွေကိုလေ့လာပါ။

ဝယ်ယူသူတစ်ယောက်အနေနဲ့ဘယ်လိုနည်းလမ်းတွေကအလုပ် ဖြစ်ပြီးဘယ်လိုနည်းလမ်းတွေက

အလုပ်မဖြစ်သလဲ ဆိုတာကိုသိ ထားဖို့လိုပါတယ်။ဒါတွေကသင်သုံးမယ့်နည်းဗျူဟာကိုဖော် ဆောင်ဖို့အထောက်အကူပြုပါလိမ့်မယ်။
သင့်ပြိုင်ဘက်ဆီကလေ့လာလို့ရသမျှလေ့လာပါ။ပြီးရင်သူတို့ ထက်ပိုကောင်းအောင်လုပ်ဆောင်ပါ။


Credit By: စီးပွားရေးပညာ

ပိုက်ဆံရရင်ပြီးရော မလုပ်ပါနဲ့

သင့်ကိုယ်ကျင့်သိက္ခာကိုထိခိုက်လောက်အောင်ပိုက်ဆံရရင်ပြီး ရောဆိုတဲ့စိတ်နဲ့အလုပ်
မလုပ်ပါနဲ့။တချို့လူတွေကပိုက်ဆံရရင်ပြီးရောဆိုပြီးလုပ်တတ်ကြတယ်။
စီးပွားရေးလုပ်ငန်းတစ်ခုကိုထူ ထောင်လုပ်ကိုင်တယ်ဆိုတာသင်ထင်ထားတာထက်ပိုပြီးခွန်အားစိုက်ထုတ်ရတတ်ပါတယ်။

လုပ်ကိုင်ရလွယ်ကူပါတယ်ဆိုတဲ့လုပ်ငန်းတစ်ခုကိုသင်တွေ့ထား ရင်တောင်မှအဲဒီလုပ်ငန်းကို

လုပ်ကိုင်ဖို့ဇွဲလုံ့လစိုက်ထုတ်ပြီးမဆုတ်မနစ်လုပ်ဖို့လိုပါလိမ့်မယ်။တကယ်လို့သင်ဟာအလုပ်ကိုပိုက်ဆံရ ဖို့တစ်ခုတည်းအတွက်လုပ်နေရင်
သင်
မအောင်မြင်ခင်မှာပဲအဲဒီ လုပ်ငန်းကိုသင်ဆုတ်ခွာသွားနိုင်ပါတယ်။

သင်ဒီလုပ်ငန်းကိုဘာလို့လုပ်ချင်ရတာလဲ၊ဒီလုပ်ငန်းလုပ်ဖို့သင့်ကို ဘယ်အရာကအဓိကဆွဲဆောင်နေသလဲဆိုတာကိုသေချာသိ အောင်လုပ်ပါ။သင်တကယ်စိတ်ဝင်စား
ဲ့လုပ်ငန်းကိုလုပ်ပါမှဒီ လုပ်ငန်းကိုနေ့စဉ်တိုးတက်ကောင်းမွန်အောင်သင်လုပ်ဆောင်
လိုစိတ်ရှိမှာပါ။သင်တကယ်စိတ်ဝင်စားတဲ့လုပ်ငန်းကိုရှာတွေ့ဖို့ဆို 
တာစိတ်ရှည်ဖို့လိုသလိုစူးစမ်းလေ့လာဖို့လည်းလိုပါတယ်။

ပျင်းရိငြီးငွေ့ဖွယ်ကောင်းတဲ့အလုပ်ဆိုပြီးအလွယ်တကူလစ်လျူမရှု လိုက်ပါနဲ့။စိတ်ဝင်စားဖို့ကောင်းတဲ့ရှုထောင့်ကနေကြည့်ရင်ပျင်းရိ ငြီးငွေ့ဖွယ်ကောင်းတဲ့အလုပ်ဟာစိတ်ဝင်ဖို့ကောင်းတာတွေဖြစ် တတ်ပါတယ်။ရေပိုက်သွယ်တဲ့အလုပ်၊အမှိုက်သိမ်းတဲ့အလုပ်စတဲ့ ညစ်ပေတဲ့အလုပ်တွေဟာဆွဲဆောင်မှု

သိပ်မကောင်းပေမယ့်လုပ်ကိုင်ချင်တဲ့သူတွေနည်းတဲ့အတွက်ကြောင့်
မို့ဝယ်လိုအား(demand)အမြဲရှိနေတတ်ပါတယ်။
ဒါကြောင့်ဒီလိုညစ်ပေတဲ့အလုပ်တွေ ဟာလည်းအကျိုးအမြတ်ရရှိနိုင်ချေဘက်ကကြည့်ရင်ဆွဲဆောင်မှုကောင်းနေတတ်ပါတယ်။
သိပ်စိတ်ဝင်စားဖို့မကောင်းတဲ့လုပ်ငန်းရဲ့ကောင်းကွက်ကိုသင် မြင်နိုင်ရင်တော့

မတူးဖော်ရသေးတဲ့ရွှေကြောတစ်ခုကိုသင်တွေ့ သွားသလိုပါပဲ။

စီးပွားရေးလုပ်ငန်းတွေရဲ့စိတ်ဝင်စားဖွယ်အချက်တွေကိုမြင် အောင်ရှာဖွေပါ။


Credit By: စီးပွားရေးပညာ

Marketing ရဲ့သဘောတရားများ

လူတွေသတိပြုမိအောင်(Marketing ရဲ့သဘောတရားများ---

  ခေတ်သစ်ဘ၀ကြီးဟာသတိပြုဆင်ခြင်စရာတွေနဲ့ပြည့်နှက်နေပါတယ်။သင့်ကိုအာရုံစူးစိုက်စေတဲ့သတိပြု ဖွယ်ရာတွေကိုကြည့်လိုက်ပါ။လုပ်စရာအလုပ်တွေလည်းရှိတယ်။ဖုန်းခေါ်စရာလည်းရှိတယ်။ e-mail တွေ လည်းစစ်ဖို့ရှိသေးတယ်။TV လည်းကြည့်ရဦးမယ်။သီချင်းလည်းနားထောင်ချင်တယ်။မရေတွက်နိုင်တဲ့ Web sites တွေကိုလည်းဝင်ကြည့်ဦးမယ်။ဒါကြောင့် လူတိုင်းဟာလုပ်စရာအလုပ်တွေအများကြီးရှိပေမယ့် 

ရတဲ့အ ချိန်ကအရမ်းနည်းနေတယ်။

Marketing ရဲ့နိယာမတစ်ခုက သင့်ဝယ်ယူသုံးစွဲနိုင်ချေရှိသူတွေရဲ့အာရုံစူးစိုက်နိုင်စွမ်းဟာအကန့်အသတ် နဲ့ပါ။လူတွေဟာကိုယ်ဂရုစိုက်တဲ့အရာတွေကိုပိုပြီးအာရုံစူးစိုက်ကြပါတယ်။ကိုယ်သိပ်ဂရုမစိုက်တဲ့အရာကို တော့အာရုံစိုက်မှုနည်းပါတယ်။ဒါကြောင့်လူတစ်ယောက်ရဲ့အာရုံစိုက်မှု


ကိုရအောင်လုပ်တာဟာကမ္ဘာမှာရှိ တဲ့တခြားစိတ်ဝင်စားစရာတွေနဲ့သင်ယှဉ်ပြိုင်နေရတာပါ။သတိပြုခံချင်ရင်သင့်ရဲ့ပြိုင်ဘက်တွေထက်ပိုမိုစိတ် ၀င်စားဖို့ကောင်းအောင်လုပ်ဖို့လိုပါတယ်။

သင်ဘာလုပ်နေလဲဆိုတာကို

စွန့်ဦးတီထွင်သူတို့ ပေါ်ထွက်မလာသည့် အကြောင်းအရင်း

 မြန်မာပြည်မှာ Entrepreneur တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ လူတိုင်း ကြုံတွေ့နေရတဲ့ အခက်အခဲ 
အချို့ ကို တင်ပြပေးလိုက် ရပါတယ်။ ကူညီထောက်ပံ့မည့်သူ မရှိခြင်း ကူညီထောက်ပံ့တယ်ဆိုတာ Entrepreneur များအတွက် မရှိမဖြစ်လို အပ်ပါတယ်။ တစ်နည်းပြောရင် ရင်းနှီးမြှုပ်နှံသူလို့လည်း နားလည်နိုင် ပါတယ်။ နိုင်ငံတကာမှာဆိုရင် Product တစ်ခုကောင်းကောင်း ထုတ်ဖို့ ရေး ဆွဲထားတဲ့ Project ကို ထုတ်ပြပြီး Private Investor ကိုပြရင်ပြမယ်။ သူမှမရလည်း အစိုးရ ဘဏ်တွေဆီ တိုက်ရိုက်သွားပြီး ရှင်းပြတဲ့အခါ အကြောင်းအချက်ခိုင်လုံ ရင် ငွေထုတ်ချေး ပါတယ်။ မြန်မာပြည်မှာလည်း မချေးဘူး မဟုတ်ဘူး။ ချေးပါတယ်။ အစိုးရဘဏ်မှ ငွေတိုးနဲ့ချေးနိုင်ပေမယ့် အဲ့ဒီလို ချေးနိုင်ဖို့ အတွက် အိမ်ဂရန် အပေါင်ထားတာတို့၊ ဟိုလူကပ်၊ ဒီလူကပ် လုပ်ရတာတို့၊ လမ်းကြောင်းရှာရတာတို့ အစရှိသဖြင့် အခက်အခဲ များစွာကြောင့် ကိုယ်တိုင်လည်း အရင်းမထုတ်နိုင်၊ အရင်းထုတ်နိုင် သူကိုလည်း ရှာမတွေ့ ၊ ဘယ်ကနေမှ လည်း ငွေချေး မရနဲ့ နောက်ဆုံးတော့ ဘာမှမလုပ်တော့ပဲ နေလိုက်ကြ ပါတယ်။ အကြံတူ နောက်လူ အသာစောင့်ခြင်း ရန်ကုန်မှာဆိုရင်ပေါ့။ ရပ်ကွက်တစ်ခုထဲမှာပဲ တစ်ယောက် အင်တာနက် ဆိုင်ဖွင့်တယ်။ တစ်နာရီ ၄၀၀ ကျပ်။ ဆိုင် အင်မတန် ဝင်ငွေကောင်း

အရာရာတိုင်းကိုသိဖို့မလိုပါ(MBA ဘွဲ့ရဖို့မလိုပါ)

ပညာရပ်တစ်ခုကိုလေ့လာတဲ့အခါကောင်းတာတစ်ခုကအရာရာတိုင်းကိုသိဖို့မလိုအပ်တာပါပဲ။
တကယ်အ ရေးပါတဲ့အယူအဆအချို့ကိုသာတကယ်သိဖို့လိုအပ်တာပါ။
ဒီလိုအရေးပါတဲ့အယူအဆတွေ၊နိယာမတွေကိုသင် သိရှိနားလည်အောင်ကူညီသွားမှာပါ။ -လုပ်ငန်းတွေဟာဘယ်ပုံဘယ်နည်းနဲ့အောင်မြင်ကြတာလဲ။ -လုပ်ငန်းသစ်တစ်ခုကိုဘယ်လိုစတင်ထူထောင်မလဲ။ -လက်ရှိလုပ်ငန်းကိုဒီထက်ပိုမိုတိုးတက်ကောင်းမွန်အောင်ဘယ် လိုလုပ်ဆောင်မလဲ။ -သင်ရဲ့ရည်မှန်းချက်အောင်မြင်ဖို့အတွက်စီးပွားရေးနဲ့သက်ဆိုင်တဲ့ကျွမ်း ကျင်မှုတွေကို
ဘယ်လိုအသုံးချမလဲ စတာတွေကိုသင်နားလည်အောင်သင်ပြပေးမှာပါ။ တကယ်အလုပ်ဖြစ်စေတာတွေတကယ်အရေးပါတာတွေကိုသာသင့်ကို သင်ပြပေးမှာပါ။ဒါကြောင့်
ကျွန်တော့်ရဲ့အရေးအသားတွေဟာအခြားစာရေးသူတွေလိုပေ
ရှည်မနေပဲရိုးရှင်းနေတာပေါ့။စီးပွားရေးပညာကိုကျွမ်းကျင် တတ်မြောက်ဖို့၊ကြီးပွားချမ်းသာဖို့ MBA ဘွဲ့တွေရဖို့မလိုပါဘူး။MBAဘွဲ့ရဖို့ငွေတွေအကုန်ခံ၊ အချိန်အကုန်ခံဖို့ လည်း မလိုပါဘူး။ အတွေ့အကြုံတွေမလိုပါ သင်မှာစီးပွားရေးနဲ့ပတ်သက်ပြီးအတွေ့အကြုံရှိပါသလား။ဘာ အတွေ့အကြုံမရှိဘူးဟုတ်လား။ကိစ္စမရှိပါ။အတွေ့ အကြုံရှိဖို့လည်းမလိုပါ။အခုကျွန်တော်သင့်ကိုသင်ပြမှာတွေက
MBAကျောင်းသားတွေသင်ရတာတွေထက်ပိုပြီး တန်ဖိုးရှိတယ်၊ပိုပြီးလက်တွေ့ကျပါတယ်။ကျွန်တော်ရေးသားတာတွေကို ဆက်ပြီးဖတ်ပါ။စီးပွားရေးဆိုတာဘာလဲ။ စီးပွားရေးတွေဘယ်ပုံဘယ်နည်းနဲ့အောင်မြင်လဲဆိုတာကိုသင်ပိုပြီးနားလည်သိရှိလာပါလိမ့်မယ်။ စီးပွားရေးပညာရပ်ကိုသင်တကယ်လေ့လာချင်တယ်ဆိုရင်ကျွန်တော့်ရဲ့ Fan Page ကို like လုပ်လိုက်ပါ။သင် ဘာမှမထိခိုက်မနစ်နာစေရပါဘူး။ ကျွန်တော့်ဆီကအခမဲ့ယူပါ။ကျွန်တော်မျှဝေမယ့်စီးပွားရေးပညာရပ်တွေကို လေ့လာပါ။
သင်တစ်စုံတစ်ရာအကျိုးကျေးဇူးဖြစ်ထွန်းလိမ့်မယ်လို့ရဲရဲကြီးပြောရဲပါတယ်။သင်လုပ်ရမှာက like က လေးတစ်ချက်နဲ့ ကျွန်တော်မျှဝေမယ့်ပညာရပ်ကိုလိုက်နာကျင့်သုံးရုံပါပဲ။ကဲ like ကလေးတစ်ချက်ကသင့်ဘ၀ တစ်ခုလုံးကိုပြောင်းလဲစေနိုင်တယ်နော်။ ဒါနဲ့ ထုတ်ကုန်တစ်ခု၊၀န်ဆောင်မှုတစ်ခုကိုလူတွေဘာကြောင့်ဝယ်ယူသုံးစွဲရတာလဲ။
ဒီမေးခွန်းကိုတတ်နိုင်သလောက်ဖြေကြည့်ပါ။

 Cerdit by:  စီးပွားရေးပညာ

လုပ်ငန်းရှင် ဖြစ်လာရန် နည်းလမ်း

ဒါကတော့ နိုင်ငံတကာက ပြောတဲ့ Formal Step တွေပေါ့နော်။
 မြန်မာပြည်နဲ့ကတော့ ဘယ်တူပါ့မလဲ။ သို့ပေမယ့် လေ့လာလို့ရအောင် သူတို့ နည်းလမ်းလေးကို မျှဝေ ပေးလိုက် ရပါတယ်။

1. Find a Product (or idea)
ပထမဆုံး ကုန်ပစ္စည်းတစ်ခုကို ရှာဖွေရမယ်။ အိုင်ဒီယာဆိုလည်း အိုင်ဒီယာပေါ့။ အဲဒါက လူသိများကောင်း လူသိများလိမ့်မယ်။ သို့ပေမယ့် ပြီးပြည့်စုံလောက်အောင် မကောင်းသေးတဲ့ အရာတစ်ခု။

2. Buy One and Stuty it
အဲ့ ပစ္စည်းကို ဝယ်ရမယ်။ ပြီးတော့
အသေးစိတ် ကျကျ လေ့လာရမယ်။ အိုင်ဒီယာဆိုရင်လည်း ယင်း အိုင်ဒီယာကို အတွင်းကျကျ လေ့လာရမယ်။ လိုအပ်ရင် ထပ်မံ သင်ယူရအုံးမယ်။

3. Figure out how to improve it
အသေးစိတ်လည်းလေ့လာပြီးပြီ။ သင်ယူလေ့လာမှုလည်း ပြီးပြီ။ ဒါဆိုရင် နောက်တစ်ဆင့် တက်ရမှာက ဖွံ့ဖြိုးတိုးတက်အောင်

Blog Ads Register Here

PopAds.net - The Best Popunder Adnetwork