Thursday, March 20, 2014

Marketing ရဲ့သဘောတရားများ

လူတွေသတိပြုမိအောင်(Marketing ရဲ့သဘောတရားများ---

  ခေတ်သစ်ဘ၀ကြီးဟာသတိပြုဆင်ခြင်စရာတွေနဲ့ပြည့်နှက်နေပါတယ်။သင့်ကိုအာရုံစူးစိုက်စေတဲ့သတိပြု ဖွယ်ရာတွေကိုကြည့်လိုက်ပါ။လုပ်စရာအလုပ်တွေလည်းရှိတယ်။ဖုန်းခေါ်စရာလည်းရှိတယ်။ e-mail တွေ လည်းစစ်ဖို့ရှိသေးတယ်။TV လည်းကြည့်ရဦးမယ်။သီချင်းလည်းနားထောင်ချင်တယ်။မရေတွက်နိုင်တဲ့ Web sites တွေကိုလည်းဝင်ကြည့်ဦးမယ်။ဒါကြောင့် လူတိုင်းဟာလုပ်စရာအလုပ်တွေအများကြီးရှိပေမယ့် 

ရတဲ့အ ချိန်ကအရမ်းနည်းနေတယ်။

Marketing ရဲ့နိယာမတစ်ခုက သင့်ဝယ်ယူသုံးစွဲနိုင်ချေရှိသူတွေရဲ့အာရုံစူးစိုက်နိုင်စွမ်းဟာအကန့်အသတ် နဲ့ပါ။လူတွေဟာကိုယ်ဂရုစိုက်တဲ့အရာတွေကိုပိုပြီးအာရုံစူးစိုက်ကြပါတယ်။ကိုယ်သိပ်ဂရုမစိုက်တဲ့အရာကို တော့အာရုံစိုက်မှုနည်းပါတယ်။ဒါကြောင့်လူတစ်ယောက်ရဲ့အာရုံစိုက်မှု


ကိုရအောင်လုပ်တာဟာကမ္ဘာမှာရှိ တဲ့တခြားစိတ်ဝင်စားစရာတွေနဲ့သင်ယှဉ်ပြိုင်နေရတာပါ။သတိပြုခံချင်ရင်သင့်ရဲ့ပြိုင်ဘက်တွေထက်ပိုမိုစိတ် ၀င်စားဖို့ကောင်းအောင်လုပ်ဖို့လိုပါတယ်။

သင်ဘာလုပ်နေလဲဆိုတာကိုဘယ်သူမှဂရုမစိုက်ရင်ဘာမှမထူးတော့ပါဘူး။
လမ်းပေါ်မှာအ၀တ်ဗလာနဲ့လိုက် အော်ရင်တော့လူတွေရဲ့အာရုံစိုက်မှုကိုရနိုင်ပါတယ်။
သို့ပေမယ့်စီးပွားရေးလုပ်ရာမှာတော့လူတွေအာရုံစိုက်မှုကိုရတိုင်းကောင်းတာတော့မဟုတ်ပါဘူး။
ကိုယ့်ရဲ့ကုန်ပစ္စည်းကိုဝယ်ယူမယ့်သူတွေရဲ့အာရုံစိုက်မှုကိုရယူနိုင် ပါမှအကျိုးရှိတာပါ။
သင့်ကိုအာရုံစိုက်ပြီးသင့်ထုတ်ကုန်ကိုအမှန်တကယ်တကယ်ဝယ်ယူမှအကျိုးရှိတာပါ။ဒါ မှမဟုတ်ရင်တော့သင့်အချိန်ကိုဖြုန်းတီးရာပဲရောက်ပါလိမ့်မယ်။

သူများအာရုံစိုက်ခံရတာဟာကောင်းပါတယ်။ဒါပေမယ့်စီးပွားရေးလုပ်တာအမြတ်ရဖို့ပါ။ပေါ်ပြူလာဖြစ်အောင် ပြိုင်ရတဲ့ပြိုင်ပွဲမဟုတ်ပါဘူး။ပြည်တွင်းရုပ်သံမှာတင့်ဆက်ခံရတာ

web site တွေမှာအတင်ခံရတာဟာအရမ်း ကောင်းပါတယ်။သို့ပေမယ့်ဒီလိုအရာတွေကသင့်ပစ္စည်းတွေတကယ်ရောင်းရအောင်သိပ်မလုပ်နိုင်ပါဘူး။လူ တွေအားလုံးရဲ့
အာရုံစိုက်မှုရအောင်မကြိုးစားပါနဲ့။
သင့်ကုန်ပစ္စည်းတွေကိုဝယ်ယူနိုင်ချေရှိတဲ့သူတွေရဲ့အာရုံစိုက်မှုကိုသာရအောင်ယူပါ။

ဒါဆိုရင်သင့်စီးပွားရေး အောင်မြင်လာပါလိမ့်မယ်။

သင့်ပစ္စည်းတွေကိုတန်ဖိုးရှိအောင်၊သုံးစွဲသူတွေအတွက်အသုံးဝင် အောင်ဖန်တီးပေးနိုင်ရုံနဲ့
မလုံလောက်ပါဘူးဗျာ။သင်ဖန်တီးထား တဲ့ပစ္စည်းတွေကသုံးစွဲသူတွေအတွက်အရမ်းအသုံးဝင်တယ်။အ ရမ်းသင့်တော်တယ်။သို့ပေမယ့်သင်ထုတ်လုပ်ဖန်တီးလိုက်တဲ့ ပစ္စည်းကိုဘယ်သူမှမသိရင်၊ဘယ်သူမှသတိမပြုမိရင်အချည်းနှီးပါ ပဲဗျာ။ဘယ်သူမှမသိရင်သူတို့ဟာသင့်ရဲ့ဝယ်ယူသုံးစွဲသူတွေဖြစ်လာမှာမဟုတ်ပါဘူးဗျာ။

အောင်မြင်တဲ့စီးပွားရေးတိုင်းဟာဝယ်ယူသုံးစွဲသူတွေစိတ်ဝင်စား အောင်နည်းလမ်းတွေကိုအမြဲတမ်းရှာကြပါတယ်။
Marketing ဆိုတာက ၀ယ်ယူသုံးစွဲသူတွေကိုရှာဖွေတဲ့ပညာရပ် ပါဗျာ။အကောင်းဆုံးစီးပွားရေး

လုပ်ငန်းတွေဟာဝယ်ယူသုံးစွဲသူ တွေကိုအလျင်မြန်ဆုံးနဲ့ ကုန်ကျမှုအနည်းဆုံးရှာဖွေနိုင်တဲ့သူတွေ ပါ။ဝယ်ယူသုံးစွဲသူတွေကိုများများရှာဖွေနိုင်လေလေ သင့်စီးပွား ရေးလုပ်ငန်းအောင်မြင်လေလေပါပဲ။

Marketing ဟာ ရောင်းချခြင်းဆိုတဲ့ selling နဲ့မတူပါဘူးဗျာ။အဲ direct marketing ကျတော့ဝယ်ယူသူတွေကိုဆွဲဆောင်တဲ့အချိန် နဲ့ရောင်းချတဲ့အချိန်ကိုတိုအောင်ချုံ့ထားတာပါ။
ဝယ်ယူသုံးစွဲသူတွေသတိပြုမိအောင် လူသိများလာအောင်လုပ် တာကို marketing လို့ခေါ်ပါတယ်။ sales ဆိုတဲ့ ရောင်းချခြင်းကျ တော့ ၀ယ်ယူသူနဲ့ရောင်းချသူကြားသဘောတူညီမှုရအောင်လုပ်တာကိုခေါ်ပါတယ်။

Marketing ကိုစီးပွားရေးသာမက၊နိုင်ငံရေး၊ NGO , INGO စတဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေမှာ

ပါကျင့်သုံးနေကြပါတယ်။

အရိုးရှင်းဆုံးထပ်ပြောပါရစေ။ Marketing ဆိုတာ ၀ယ်ယူသူတွေ သတိပြုမိအောင်၊

လူသိများအောင်လုပ်တာပါပဲ။
စီးပွားရေးအသိပညာတိုးပွားနိုင်ကြပါစေ ဗျာ။

Credit By: စီးပွားရေးပညာ

No comments:

Post a Comment

Blog Ads Register Here

PopAds.net - The Best Popunder Adnetwork