လူတွေရဲ့အဓိကလိုအင်ဆန္ဒများ
သင်စီးပွားရေးမှာအောင်မြင်ချင်တယ်ဆိုရင်လူတွေဘာကိုလိုချင်
ကြတယ်ဆိုတဲ့အချက်ကိုအခြေခံအားဖြင့်သိထားဖို့လိုပါတယ်။
ဟားဗတ်စီးပွားရေးတက္ကသိုလ်ပါမောက္ခတွေဖြစ်တဲ့ Paul Lawrence နဲ့ Nitin Nohria တို့ကကျွန်ုပ်တို့ရဲ့ဆုံးဖြတ်ချက်တွေ၊ လုပ်ဆောင်ချက်တွေကိုလွှမ်းမိုးနိုင်တဲ့အဓိကလိုအင်ဆန္ဒ(၄)ခု
ရှိ တယ်လို့ဆိုပါတယ်။အဲဒါတွေက-
၁။ရယူပိုင်ဆိုင်လိုတဲ့ဆန္ဒ
-ဂုဏ်၊အာဏာ၊သြဇာစတာတွေအပါအ၀င်ရုပ်ဝတ္ထုပစ္စည်းတွေကို
ရယူပိုင်ဆိုင်လိုတာကိုဆိုလိုပါတယ်။လက်လီအရောင်းသမားတွေ၊
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပွဲစားတွေ(စတော့ပွဲစားစသည်)၊ဥပဒေအကြံပေးကုမ္ပဏီတွေဟာ ရယူပိုင်ဆိုင်လိုတဲ့ဆန္ဒကိုအခြေခံပြီးတည် ဆောက်ထားတဲ့စီးပွားရေးလုပ်ငန်းတွေပါ။ကျုပ်တို့ကိုချမ်းသာ အောင်၊ကျော်ကြားအောင်၊လွှမ်းမိုးချုပ်ကိုင်နိုင်သူဖြစ်အောင်၊
အာ ဏာရှိအောင်ပြုလုပ်ပေးတဲ့ကုမ္ပဏီတွေဟာရယူပိုင်ဆိုင်လိုတဲ့ဆန္ဒ နဲ့ဆက်နွယ်နေပါတယ်။
၂။နှောင်တွယ်ထားချင်တဲ့ဆန္ဒ-
ချစ်ခြင်းချစ်ရာမှာဖြစ်ဖြစ်၊ဆွေမျိုးမောင်နှမတွေနဲ့ပဲဖြစ်ဖြစ်အချစ်ခံ၊တန်ဖိုးထားခံချင်တဲ့
ဆန္ဒကိုဆိုလိုပါတယ်။စားသောက်ဆိုင်တွေ၊ညီ လာခံပွဲတော်တွေ၊dating services တွေဟာနှောင်တွယ်ထားချင် တဲ့ဆန္ဒကိုအခြေခံထားတဲ့လုပ်ငန်းတွေဖြစ်ပါတယ်။ကျွန်ုပ်တို့ကိုဆွဲ ဆောင်မှုရှိအောင်
၊ကြိုက်နှစ်သက်ခြင်းခံရအောင်၊အသိအမှတ်ပြုခံ ရအောင်စွမ်းဆောင်ပေးတဲ့
ကုမ္ပဏီတွေဟာဒီနှောင်တွယ်ထားချင်တဲ့ဆန္ဒနဲ့
ဆက်နွယ်နေပါတယ်။
၃။သင်ယူလေ့လာလိုတဲ့ဆန္ဒ-
ကျွန်ုပ်တို့ရဲ့သိလိုတဲ့စိတ်ကိုဖြည့်ဆည်းပေးချင်တဲ့ဆန္ဒပါ။ computer training center, English classes စတဲ့ academic program တွေ၊စာအုပ်ထုတ်ဝေရေးစတာတွေဟာသင်ယူလေ့လာ လိုတဲ့ဆန္ဒပေါ်အခြေခံထားတဲ့လုပ်ငန်းတွေဖြစ်ပါတယ်။ကျွန်ုပ်တို့ကိုအသိဥာဏ်ပိုမိုမြင့်မား
လာအောင်၊ကျွမ်းကျင်တတ်မြောက် အောင်စွမ်းဆောင်ပေးတဲ့ကုမ္ပဏီတွေဟာသင်ယူလေ့လာလိုတဲ့ ဆန္ဒကိုအခြေခံထားပါတယ်။
၎။ကာကွယ်လိုတဲ့ဆန္ဒ-
ကိုယ့်ကိုယ်ကိုကာကွယ်လိုတဲ့ဆန္ဒ၊ကိုယ့်ချစ်ခင်နှစ်သက်သူကို ကာကွယ်လိုတဲ့ဆန္ဒ၊
ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာကိုကာကွယ်လိုတဲ့ဆန္ဒပါ။သတိပေးခေါင်းလောင်းစနစ်တွေ၊အာမခံလုပ်ငန်းတွေ၊ဥပဒေအကျိုးဆောင်တွေဟာကာကွယ်လိုတဲ့ဆန္ဒအပေါ်အခြေခံ ထားတဲ့လုပ်ငန်းတွေပါ။ကျွန်ုပ်တို့ကိုလုံခြုံအောင်၊ပြဿနာကင်း ရှင်းအောင်၊ဆိုးရွားတာတွေမဖြစ်အောင်စွမ်းဆောင်ပေးတဲ့ကုမ္ပဏီတွေဟာကာကွယ်လိုတဲ့ဆန္ဒနဲ့ဆက်နွယ်တဲ့လုပ်ငန်းဖြစ်ပါတယ်။
Lawrence နဲ့ Nohria တို့ဖော်ပြမထားတဲ့လူ့လိုအင်ဆန္ဒတစ်ခုရှိပါ သေးတယ်ဗျာ။အဲဒါက-
၅။ခံစားချင်တဲ့ဆန္ဒ-
အသစ်အဆန်းတွေကိုအာရုံခံချင်တဲ့ဆန္ဒ၊စိတ်လှုပ်ရှားဖွယ်အတွေ့အကြုံတွေ၊ပျော်ရွှင်မှုတွေ
၊ဖျော်ဖြေမှုတွေစသဖြင့်ပါဝင်ပါတယ်။ ဂိမ်းတွေ၊ရုပ်ရှင်တွေ၊ကပွဲတွေ၊အားကစားပွဲတွေဟာခံစားချင်တဲ့ ဆန္ဒအပေါ်အခြေခံထားပါတယ်။ကျွန်ုပ်တို့ကိုပျော်ရွှင်မှုတွေ၊ထိတ် လန့်မှုတွေ၊ရှေ့ဆက်ဘာတွေဖြစ်လာ
မလဲဆိုတာကိုသိချင်အောင်လုပ်ဆောင်တဲ့အရာတွေဟာဒီခံစားချင်တဲ့ဆန္ဒအပေါ်အခြေခံထားပါတယ်။
လူတွေရဲ့လိုအင်ဆန္ဒကိုများများဖြည့်ဆည်းပေးနိုင်လေလေသင့် စီးပွားရေးအောင်မြင်ဖို့အခွင့်အလမ်းများလေလေပါပဲ။
သင့်လုပ်ငန်းဟာဘယ် လိုအင်ဆန္ဒကိုဖြည့်ဆည်းပေးသလဲဆိုတာ ကိုရှင်းရှင်းလင်းလင်းသိအောင်လုပ်ပါ။လူ့လိုအင်ဆန္ဒကိုများများ ဖြည့်ဆည်းပေးမယ့်လုပ်ငန်းကိုလုပ်ကိုင်ပါ။
Credit By:စီးပွားရေးပညာ
No comments:
Post a Comment