Thursday, March 20, 2014

တန်ဖိုးပုံစံ(၉)-ချေးငှားခြင်း--

ကျွန်တော်လည်းခရီးထွက်ဖို့ရှိနေလို့ကျွန်တော့်ပရိတ်သတ်တွေကိုအကျွေးတင်နေမှာစိုးလို့ loan အကြောင်း ရေးပေးလိုက်ပါတယ်။အရင် post တုန်းကလဲ 4P အကြောင်းကိုပြောခဲ့ပါတယ်။
ဒီတစ်ခေါက်တော့ တန်ဖိုးအ ကြောင်းကိုဆက်သွားရအောင်နော်။
ကျွန်တော်လည်းစာဖတ်ပရိတ်သတ်တွေမငြီးငွေ့ရလေအောင်ဟိုခုန်
ဒီ ကျော်ရေးရတာပါ

။ချေးငှားခြင်းဆိုတဲ့ loan အကြောင်းကိုတော့စာဖတ်သူတွေလည်းသိနှင့်ပြီးသားဖြစ်နေမှာ ပါ။ သို့ပေမယ့်လည်းတန်ဖိုး(value) အကြောင်းကိုပိုသိအောင်လို့ တန်ဖိုး

(၁၂)မျိုးလုံးအကြောင်းကိ
ုရေးပေး တာပါ။ Loan ဆိုတာကိုချေးငှားခြင်းလို့ပြန်ဆိုရတာက loan ဟာငွေတစ်မျိုးတည်းကိုသာချေးငှားတာလို့မ ဆိုလိုပဲ အခြားသောအရာဝတ္ထုတွေကိုပါချေးငှားတာကိုဆိုလိုလို့ပါ။

Loan မှာချေးငှားသူ(borrower)ကိုအရင်းအနှီးတစ်ခုခုကိုအချိန်ကာလတစ်ခုအထိချေးငှားဖို့သဘောတူညီ မှုတွေပါတယ်။အပြန်အလှန်အားဖြင့်ချေးငှားသူက ချေးပေးသူ(lender)ကိုသတ်မှတ်ထားတဲ့ကာလအတွက် အတိုးနှုန်းကိုပေးရပါတယ်။

Loan ကတဆင့်တန်ဖိုးကိုဖြည့်ဆည်းပေးချင်ရင်တော့

၁။သင့်မှာငွေပမာဏအတိုင်းအတာတစ်ခုရှိရမယ်။

၂။အဲဒီငွေတွေကိုချေးငှားချင်တဲ့သူကိုရှာရမယ်။

၃။ကိုယ့်အတွက်တွက်ချေကိုက်တဲ့အတိုးနှုန်း
ကိုသတ်မှတ်ယူဆောင်မယ်။

၎။ချေးငှားပြီးပြန်မပေးတဲ့အန္တရာယ်မျိုးမဖြစ်အောင်ကာကွယ်မယ်။

ဥပမာအနေနဲ့ credit card ကိုကြည့်ရအောင်နော်။credit card ဟာလည်းချေးငွေတစ်မျိုးပါပဲ
။ဒီလိုချေးငွေ ကြောင့်ချေးငှားသူ(borrower)တွေဟာကိုယ်ဝယ်ယူချင်တဲ့
ပစ္စည်းတွေကိုချက်ချင်းဝယ်ယူနိုင်ပြီးကုန်ကျတာ တွေကိုနောက်
မှဖြည်းဖြည်းချင်းနည်းနည်းချင်းစီပြန်ပြီးဆပ်နိုင်တယ်လေ။

ငွေချေးပေးတဲ့သူ(lender)တွေအနေနဲ့လည်းအကျိုးကျေးဇူးရှိပါတယ်။ငွေကိုချေးပေးလိုက်ပြီဆိုတာ

နဲ့ချေး ပေးတဲ့သူဟာနောက်ထပ်ဘာမှထပ်လုပ်စရာမလိုတော့ပါဘူး။အတိုးကိုမှန်မှန်ယူနေရုံပါပဲ။အဲချေးတဲ့သူကမှန် မှန်ပေးနေရင်ပေါ့လေ။

ငွေချေးပေးပြီးပြန်မရတာတွေကလည်းအများကြီးပါပဲ။ဒီအလုပ်ကိုလုပ်ချင်ရင်တော့လိုင်စင်တွေ၊စာရွက်စာ တမ်းတွေနဲ့တရားဝင်ဖြစ်အောင်လုပ်ထားရင်ပိုကောင်းပါလိမ့်မယ်။ဒါမှမဟုတ်ရင်

စားပြီးနားမလည်တွေကို လည်းကြောက်ရသေးတယ်ဗျ။
စာရွက်စာတမ်းတွေနဲ့တရားဝင်မလုပ်နိုင်သေးရင်တော့ယုံရတဲ့သူကိုပဲချေးပေါ့ဗျာ

ဒီအကြောင်းကိုတော့ဒီလောက်နဲ့ပဲကျေနပ်ကြမယ်ထင်ပါတယ်။သိပြီးသားဖြစ်နေလို့ပါ။



Credit By: စီးပွားရေးပညာ

No comments:

Post a Comment

Blog Ads Register Here

PopAds.net - The Best Popunder Adnetwork