သင်လုပ်တာတွေဟာအရမ်းကိုကောင်းမွန်တယ်လို့ထင်ရပေမယ့်မအောင်
မြင်တာတွေကြုံရတတ်ပါတယ်။ကိုယ်ကဟုတ်လှပြီထင်ပေမယ့်ဝယ်ယူသုံးစွဲသူတွေလက်မခံတာမျိုးပေါ့။
Dean Kamen ဆိုတဲ့သူက ဒေါ်လာ(၅၀၀၀)တန် Segway PT လို့ခေါ်တဲ့ဆိုင်ကယ်ငယ်လေး
တစ်မျိုးကိုတီထွင်ခဲ့ပါတယ်။ဒီလုပ်ငန်းကိုအကောင်အထည်ဖော်ဖို့ ဒေါ်လာသန်း(၁၀၀)တောင်အသုံးပြုခဲ့တာပါ။ကားတွေက လှည်းနေရာကိုဝင်ယူသလိုမျိုး Segway လည်းအောင်မြင်လိမ့်မယ်လို့ Dean ကဆိုခဲ့ပါတယ်။
၂၀၀၂မှာSegway ကိုဈေးကွက်ထဲစတင်ဖြန့်ချီတော့
တစ်နှစ်ကိုအစီးရေ (၅၀၀၀၀)ရောင်းရ
ဖို့မျှော်လင့်ကြောင်းကုမ္ပဏီကကြေငြာခဲ့ ပါတယ်။၅နှစ်အကြာမှာတော့အစီးရေ
(၂၃၀၀၀)သာရောင်းချနိုင်ခဲ့ပါတယ်။မူလမျှော်မှန်းထားတာထက်(၁၀)ရာ ခိုင်နှုန်းလျော့နည်းနေပါတယ်။
ထင်ထားသလိုမအောင်မြင်တာဟာပစ္စည်းဒီဇိုင်းညံ့ဖျင်းလို့တော့မဟုတ်ပါဘူး။တကယ့်ပြဿနာကစက်ဘီးအစား Segway ကိုစီးဖို့လူတွေကဒေါ်လာ(၅၀၀၀)
မသံ
ုးချင်ကြလို့ပါ။Segway ကကားတွေလောက်လေထုညစ်ညမ်းမှုမ ဖြစ်တာမှန်ပါတယ်။ဒါပေမယ့်Dean Kamen ထင်ထားသလိုSegway ရဲ့ဈေးကွက်ကမရှိဘူးလေ။
လုပ်ငန်းသစ်တွေမှာဒီလိုအဖြစ်အပျ
က်မျိုးနေ့စဉ်ဖြစ်နေပါတယ်။လုံလေ
ာက် တဲ့ဝင်ငွေမရှိပဲနဲ့
ဘယ်လုပ်ငန်းမှမရပ်တည်နိုင်ပါဘူး။ဝင်ငွေရဖို့ဆိုတာက လည်းသင့်ရဲ့ထုတ်ကုန်ကိုလူတွေဘယ်လောက်လိုချင်သလဲဆိုတဲ့အရာပေါ် မူတည်ပါတယ်။
အခြေခံအားဖြင့်စီးပွားရေးလုပ်ငန်းတိုင်းဟာအကန့်အသတ်ရှိနေတာပါ။
သင့်ရဲ့ထုတ်ကုန်နဲ့ဝန်ဆောင်မှုကိုလိုချင်တဲ့လူတွေမရှိရင်အောင်မြင်တဲ့
လုပ်ငန်းကိုထူထောင်ဖို့မဖြစ်နိုင်ပါဘူး။
လူတွေဝယ်ချင်တာတွေကိုဖန်တီးပါ။လူတွေမ၀ယ်ချင်တာကိုဖန်တီးရင် အလကားပါပဲ။
Market researchဆိုတာမခုန်ခင်ကြည့်ဆိုတဲ့စကားနဲ့ တူပါတယ်။
သင့်ရဲ့အချိန်တွေ၊ခက်ခက်ခဲခဲရှာဖွေထားတဲ့ငွေတွေကိုမရင်းနှီးမမြှုပ်နှံခင် လူတွေဘာကိုလိုချင်သလဲဆိုတာကို လေ့လာပါ။
Credit By: စီးပွားရေးပညာ
No comments:
Post a Comment