Thursday, March 20, 2014

တန်ဖိုးပုံစံ(၈)-Audience Aggregation---

Audience Aggregation ဆိုတာ ၀ါသနာတူလူတွေကိုစုပြီးတော့တခြားလူ(third party) ကိုဆက်သွယ်ပေး တာကိုဆိုလိုပါတယ်။အာရုံစူးစိုက်မှု၊စိတ်ဝင်စားမှုဟာအကန့်အသတ်နဲ့မို့တန်ဖိုးရှိပါတယ်။နေရာဒေသတစ်ခု တည်းကလူတွေရဲ့အာရုံစိုက်မှုကိုရယူနိုင်တာဟာလုပ်ငန်းရှင်တွေအတွက်သိပ်ပြီးတန်ဖိုးရှိပါတယ်။

Audience Aggregation မှတဆင့်တန်ဖိုးကိုဖြည့်ဆည်းချင်ရင်တော့-

၁။စိတ်ဝင်စားမှုတူညီတဲ့သူတွေကိုခွဲခြားသတ်မှတ်ရပါမယ်။

၂။အဲဒီလူတွေရဲ့အာရုံစိုက်မှုကိုရရှိနိုင်မယ့်နည်းလမ်းကို
ဖန်
တီးထိန်းသိမ်းရပါမယ်။

၃။အဲဒီလူတွေရဲ့အာရုံစိုက်မှုကိုလိုချင်တဲ့ third party တွေကိုရှာမယ်။

၎။အဲဒီလူတွေရဲ့အာရုံစိုက်မှုကိုရောင်းချမယ်။

ရိုးရိုးရှင်းရှင်းပြောရရင် audience aggregation ဆိုတာပရိတ်သတ်တွေကိုစုစည်းပေးတာပါပဲ။

audience aggregation ဟာပရိတ်သတ်တွေအတွက်အကျိုးရှိပါတယ်။ဘာလို့လဲဆိုတော့ audience aggregation ဟာပရိတ်သတ်တွေအတွက်အကျိုးရှိတာကိုပေးစွမ်းနိုင်လို့ပါ။

ဥပမာတွေကိုကြည့်လိုက်ရင်ပို ပြီးရှင်းသွားပါလိမ့်မယ်။
မဂ္ဂဇင်းတွေနဲ့ကြော်ငြာပါတဲ့ web site တွေကိုဥပမာ
အနေဖြင့်ကြည့်ကြရအောင်နော်။မဂ္ဂဇင်းနဲ့ web site မှာ ပါတဲ့သတင်းအချက်အလက်တွေ၊ဖျော်ဖြေမှုတွေကြောင့်စာဖတ်သူ(ပရိတ်သတ်)များအတွက်အကျိုးရှိပါ တယ်။မဂ္ဂဇင်းတွေ၊ web site တွေမှာကြော်ငြာထည့်သွင်းခြင်းအားဖြင့်စာဖတ်ပရိတ်သတ်ရဲ့အာရုံစိုက်မှုကို ကြော်ငြာထည့်သွင်းတဲ့ company ကိုရောင်းချတာနဲ့တူပါတယ်။ဒီလိုဖြင့် မဂ္ဂဇင်းတွေ၊web site တွေလည်း အကျိုးအမြတ်ရပါတယ်။ကြော်ငြာထည့်သွင်းတဲ့ company တွေလည်းမိမိပေးချင်တဲ့သတင်းအချက်အ လက်တွေကိုမိမိရောက်စေချင်တဲ့လူတွေဆီကိုမြန်မြန်ရောက်စေတဲ့အတွက်အကျိုးရှိပါတယ်။ဒီလိုကြော်ငြာ ခြင်းမှရောင်းအားကိုမြင့်တင်ပေးနိုင်ပါတယ်။ကြော်ငြာလို့ရောင်းရတယ်။ရောင်းလို့ရတဲ့အမြတ်ငွေကကြောငြာ ရဲ့ကုန်ကျစရိတ်ထက်ပိုများနေသရွေ့အမြတ်ရနေမှာပါ။ဒီလိုနဲ့
ဆက်လက်ပြီးကြော်ငြာနိုင်ပါလိမ့်မယ်။ ကြော် ငြာမှဝင်ငွေတွေကို မဂ္ဂဇင်းတွေ၊ web site တွေကဆက်လက်ရနေပါမယ်။

Credit By: စီးပွားရေးပညာ

No comments:

Post a Comment

Blog Ads Register Here

PopAds.net - The Best Popunder Adnetwork