Thursday, March 20, 2014

တန်ဖိုးပုံစံ(၅)-Resale-

Resale ဆိုတာကလက်ကားရောင်းသူတွေဆီကနေကုန်ပစ္စည်း တွေဝယ်ယူမယ်။
အဲဒီကုန်ပစ္စည်းတွေကိုလက်လီဝယ်သူတွေကို ဈေးတင်ရောင်းမယ်။တန်ဖိုးပုံစံတွေထဲမှာ Resale ကကျွန်တော် တို့နဲ့ရင်းနှီးမှုအရှိဆုံးလို့ပြောနိုင်ပါတယ်။အခြားသူတွေဆီက၀ယ် မယ်၊အမြတ်တင်ပြီးပြန်ရောင်းမယ်၊ဒါပါပဲ။

Resale ကိုအခြေခံပြီးစီးပွားရေးလုပ်တော့မယ်ဆိုရင်-

၁။ကုန်ပစ္စည်းအများကြီးကိုဈေးနည်းနိုင်သလောက်နည်းနည်းနဲ့ ၀ယ်မယ်။

၂။ပုပ်သိုးပျက်ဆီးနေတဲ့ကုန်ပစ္စည်းတွေကိုရောင်းလို့မရတဲ့အ တွက်ဝယ်ထားတဲ့ပစ္စည်းတွေကိုမပုပ်သိုး၊မပျက်ဆီးအောင်ထိန်း သိမ်းမယ်။

၃။ဝယ်ယူမယ့်သူတွေကိုကုန်ကျမှုအနည်းဆုံးနဲ့မြန်နိုင်သမျှမြန်မြန် ရှာမယ်။



၎။ရောင်းဈေးကိုတော့များနိုင်သမှ
ျများများနဲ့အမြတ်တင်ရောင်း မယ်။ဖြစ်နိုင်ရင်ဝယ်ဈေးရဲ့အဆပေါင်းများစွာဈေးတင်ရောင်းမယ်။

လက်လီအရောင်းသမားတွေဟာလက်ကားအရောင်းသမားတွေ အတွက်အလွန်ရေးပါ ပါတယ်။လက်လီသမားတွေကြောင့်လက် ကားတွေကကုန်ပစ္စည်းတွေ
ကိုတစ်ယောက်ချင်းစီကိုလိုက်ရောင်း စရာမလိုတော့ဘူး။

ပန်းသီးစိုက်ပျိုးတဲ့သူဟာသူ့ပန်းသီးတွေအား လုံးကိုဝယ်ယူသူတွေထံတစ်လုံးချင်းလိုက်ရောင်းနေရရင်အချိန်အ ရမ်းကုန်သွားမယ်။ထိရောက်မှုလည်းနည်းမယ်၊ပန်းသီးတွေရောင်း မကုန်ခင်မှာပုပ်သိုးသွားနိုင်ပါတယ်။ဒီလိုတစ်လုံးချင်းလိုက်ရောင်း နေမယ့်အစားပန်းသီးစိုက်တဲ့တောင်သူကသူ့ပန်းသီးတွေကိုလက် လီရောင်းသမားတွေကိုရောင်းမယ်၊ဒါမှပန်းသီးစိုက်ပျိုးတာကိုပို အာရုံစိုက်နိုင်မယ်၊ပိုပြီးထိရောက်မှုရှိတာပေါ့ဗျာ။လက်လီသမား တွေကျတော့လည်းပန်းသီးကိုကိုယ်တိုင်လိုက်စိုက်စရာမလိုပဲ တောင်သူတွေဆီကနေ၀ယ်၊အမြတ်တင်ပြီးရောင်း၊အဆင်ပြေ တယ်ဗျာ။

Walmart တို့၊ Tesco တို့လိုလက်လီအရောင်းဆိုင်တွေဟာလည်း resale ရဲ့အခြေခံသဘောတရားကိုလိုက်နာပြီးအောင်မြင်နေကြ တာပါဗျာ။သူတို့တွေဟာထုတ်ကုန်ပစ္စည်းတွေကိုဈေးအနည်းဆုံး နဲ့ထုတ်လုပ်သူတွေဆီကနေတိုက်ရိုက်ဝယ်ယူတယ်။ဈေးများနိုင်သမျှများများနဲ့မြန်နိုင်သမျှမြန်မြန်ပြန်ရောင်းမယ်။

Resale မှာသတိထားရမှာကထုတ်ကုန်ပစ္စည်းကောင်းတွေကိုဈေး နည်းနည်းနဲ့ရအောင်ဝယ်နိုင်ဖို့ရယ်၊၀ယ်ယူမှုပေါ်မူတည်ပြီးကိုယ် ဆိုင်မှာတင်ထားတဲ့ပစ္စည်းအနည်းအများကိုချိန်ဆနိုင်ဖို့ရယ်ပါပဲ။လက်လီသမားမှာကုန်ပစ္စည်းတွေကိုပုံမှန်ပေးသွင်းနိုင်တဲ့လက် ကားအရောင်းသမားရှိဖို့လိုအပ်ပါတယ်။
အောင်မြင်တဲ့လက်လီအရောင်းသမားတွေဟာကုန်ပစ္စည်းကောင်း တွေကိုဈေးတော်တော်ရနိုင်ဖို့အတွက်ကုန်ပစ္စည်းပေးသွင်းသူတွေ နဲ့ဆက်ဆံရေးကောင်းတွေထူထောင်ထားနိုင်တာတွေ့ရပါတယ်။

Credit By: စီးပွားရေးပညာ

No comments:

Post a Comment

Blog Ads Register Here

PopAds.net - The Best Popunder Adnetwork